အပိုင်း(၃၆)

802 104 0
                                    

ထိုနေ့မှစပြီး အက်စတယ်လာနှင့် ကားလစ်တို့ စာတွေစတင်လဲလှယ်ကြတော့သည် သူတို့ဘာအကြောင်းတွေပြောကြတယ်ဆိုတာ သူမမသိပေမဲ့ အတော်တော့ ချိုမြိန်မဲ့ပုံပေါ်သည်
သူတို့နှစ်ယောက်ထဲကတစ်ယောက်က တခြားတစ်ယောက်ဆီက စာရတဲ့အချိန်တိုင်း သူတို့မျက်နှာတွေက အချစ်တွေနှင့်လွှမ်းခြုံနေသည်

"ကျေးဇူးပါ မစ်နေးရား"

အက်စတယ်လာ စာကိုယူလိုက်ပြီးတာနဲ့ တောက်ပစွာ ပြုံးပြလာခဲ့သည် သူမပါးရိုးများမှ ပေါက်ထွက်နေသော ပျော်ရွှင်မှုကိုခံစားလိုက်ရသည်မှာ ငြင်းလို့မရပေ အက်စတယ်လာမျက်နှာ အဲ့လိုဖြစ်နေတာမြင်ရတာအရမ်းကောင်းတာပဲ ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ အဆင်မပြေဖြစ်နေရပြန်သည်

လုရှန်ကြောင့်ပင်

သူမက လက်တလော အိမ်ရှေ့စံမင်းသားနှင့် လုရှန်ရဲ့အချစ်ဦး အက်စတယ်လာတို့ ဆက်ဆံရေးကို ကူညီနေခဲ့သည်
လုရှန်သာ ဒီကိစ္စကို သိရင် ဒေါသထွက်မည်မှာ သေချာပေသည်

'သူ yandere အဖြစ်ပြောင်းသွားပြီး ငါ့ကို အမှုန့်ခြေပစ်နိုင်တယ်'

လုရှန်နဲ့ ဆက်ဆံရေးက ပိုပြီးကောင်းလာတယ်ဆိုတာ သူမသိပါသည် သူမအပေါ် ထူးခြားတဲ့ခံစားချက်မျိုးလဲ သူမှာရှိပေသည် ဒါပေမဲ့ အက်စတယ်လာအပေါ်မှာ ထားရှိနေတဲ့ သူရဲ့စစ်မှန်တဲ့ခံစားချက်တွေနဲ့စာရင် ထိုအရာက သေးငယ်လှသည် သူမက အက်စတယ်လာတို့ကြားပါ၀င်နေတာကြောင့် ထိုအရာက ပြောင်းလဲသွားနိုင်ပေသည်

'ငါအစကထဲက ကားလစ်ကို မကူညီသင့်တာ'
သူမသည် နောက်ကျမှနောင်တရမိပေမဲ့ သူတို့အတွက် စာတွေပို့ပေးတာတော့ မရပ်တန့်ခဲ့ပေ အက်စတယ်လာက ကားလစ်ရဲ့စာတွေကို ဘယ်လောက်မျှော်လင့်ထားကြောင်း သူမ သိတာကြောင့်ပင်

'ကောင်းပြီ အခု ငါလုပ်နိုင်တာအားလုံးက လုရှန်အပေါ် တတ်နိုင်သလောက် ကောင်းပေးတာပဲ'

'သူ နောက်ပိုင်းမှာ အမှန်တရားကို သိသွားတဲ့အခါကြရင် ငါ့ကို မုန်းတာနည်းနည်းလောက် လျော့သွားအောင်ပေါ့'
───── 〔〕─────

သူမ လုရှန်ကို ကျယ်ကျယ်အော်လိုက်မိသည်
"မင်္ဂလာပါ အရှင် ကာဒီယမ် ကျွန်မ အရှင့်ကို ညစာစားဖို့ တရား၀င်ဖိတ်ကြားတာ ပထမဆုံးအကြိမ်မလို့ ပြင်ဆင်တဲ့နေရာမှာ အထူးအာရုံစိုက်ခဲ့တယ်"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now