အပိုင်း(၁၅)

1.1K 138 1
                                    

"အာ ကျွန်မတောင်းပန်ပါတယ် သတိလက်လွှတ်ဖြစ်သွားတယ် အခုရပ်လိုက်ပါပြီ ကျွန်မ ရှင့်ကို ဓားပြတိုက်ဖို့တွေးနေတာမဟုတ်ပါဘူး ကျွန်မဆိုလိုတာက ပိုက်ဆံချေးပြီး ထွက်ပြေးဖို့ ကြိုးစားနေတာမဟုတ်ပါဘူး တကယ်ပါ"
သူမ အရေးတကြီးတောင်းပန်လိုက်ပေမဲ့ လုရှန်က ထိုရိုက်ချက်အား အတည်ယူထားပြီးဖြစ်သည်

လုရှန် ဒုက္ခရောက်နေသလိုမျက်နှာနှင့် နှုတ်ခမ်းကိုကိုက်ရင်း စကားတခွန်း ကြားအောင်ပြောလေသည်၏

"မင်း အမြဲတမ်း ဒီလိုနည်းလမ်းနဲ့ ပိုက်ဆံချေးနေကြလား"
ထိုယောကျာ်းက အကျင့်သိက္ခာကောင်းမွန်တဲ့ အထတ်တန်းလွှာလေဒီတယောက်အား ဆိုးသွမ်းသောလူငယ်တယောက်အနေနဲ့ ဘောင်သွင်းနေလေသည်
"ဘယ်ဟုတ်မလဲ ဒါက ကျွန်မပထမဆုံးအကြိမ်ပိုက်ဆံချေးဖူးတာလေ"

သူမရဲ့တည်ငြိမ်သောအဖြေကို ကြားပြီးနောက် စိတ်သက်သာရာရသွားသလို အသက်ကိုရှုထုတ်လိုက်သည်
ထို့နောက် လုရှန်ပြောလာခဲ့သည် ကလေးငယ်တယောက်ကို အန္တာရယ်အကြောင်း သတိပေးသလိုပင်

"မင်း ပိုက်ဆံအရေးတကြီးလိုရင် ကိုယ်ကိုအသိပေးပါ မင်း တစုံတယောက်ဆီကနေ ဘယ်တော့မှ အခုလို မချေးငှားပါနဲ့"

'ကျွန်မက အဲ့လို အရှက်မရှိတဲ့လူမှမဟုတ်တာ'
ပါနေးရား ထိုကဲ့သိုပြန်ဖြေရန်‌ကြိုးစားသော်လည်း လုရှန်မျက်လုံးများက လေးနက်နေတာကြောင့် သူမခေါင်းကို နာနာခံခံ ခေါင်းညိမ့်လိုက်ရသည်
တခဏကြာပြီးနောက် သူမအရှေ့၌ တောက်ပနေသော ရွှေဒင်္ဂါး ငါးရာရောက်လာခဲ့သည်

"ရှင် ကျွန်မဘာကြောင့် ပိုက်ဆံလိုတယ်ဆိုတာကို မမေးတော့ဘူးလား"
လုရှန် မျက်လုံးတွေ မှိတ်ရင်း ပြန်ဖြေလာခဲ့သည်

"လူတွေကို အ၀တ်အစား၀ယ်ပြီး ဆင်ပေးရတာနဲ့ သူတို့ကို ခေတ်ဆန်အောင်လုပ်ရတာ လေဒီရဲ့ဝါသနာပဲမဟုတ်ဘူးလား"
"အို ရှင်ဘယ်လိုသိတာလဲ"
"မင်းပဲပြောခဲ့တာလေ ဒါက လေဒီတယောက်ရဲ့ကြီးမြတ်လှတဲ့စိတ်သာယာမှုဆို"
သူမ ရင်ထဲအနည်းငယ်ထိသွားခဲ့သည်

"အဲ့ဒါတော့မှန်တယ် ရှင်မှတ်မိနေသေးလို့ ကျွန်မ၀မ်းသာပါတယ်"
စိတ်ခံစားချက်ကောင်းဖြစ်နေ၍ သူမရယ်လိုက်ပေမဲ့ ကံမကောင်းတာက သူက လုံး၀တုံပြန်မှု မပြခဲ့ပေ
သူရဲ့ခံစားချက်မဲ့နေသော မျက်မှာကို ကြည့်ရတာ ဘယ်လိုနေနေ စိတ်ချမ်းသာစရာမကောင်းပေ

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now