အပိုင်း(၂၇)

898 116 0
                                    

အက်စတယ်လာ တံခါးမဖွင့်ခင် ကိုယ်ကိုကိုယ်ပြန်ကြည့်လိုက်သည်

နာတာလီနှင့် သူ့သူငယ်ချင်းတွေရှေ့မှာ သူမကြည့်ကောင်းချင်သည်
သူမ၀တ်ထားတဲ့ ရိုးရိုးရှင်းရှင်းဂါ၀န်က အပိုဆောင်း ထပ်ပြင်စရာမလိုအပ်ပေ ကော်လာမှာတပ်ထားတဲ့ ဖဲပြားပြန်ချည်ရန်လိုသည့်မှတပါးပင်

သို့သော်လည်း အသက်ကိုရှုထုတ်ရင်း တံခါးကို ခေါက်ဖို့ ကြိုးစားလိုက်တဲ့အချိန်၌

"နာတာလီ နင်သေချာရဲ့လား သူတော်စင်လာမယ်ဆိုတာက"
"ငါသေချာပါတယ် သူမလာမှာပါ ကျေးဇူးပြုပြီး တခဏလောက်စောင့်ပေးပါ"
"ငါကြားတာက အဲ့မိန်းမက ဒီလိုနေရာမျိုးကို ဘယ်တော့မှမလာဘူးဆို သူမက အထက်တန်းလွှာတွေကို မုန်းတယ်ဆို"
"အဲ့တာသာမှန်မယ်ဆိုရင် သူမ ငါကိုလဲမုန်းနေမှာပဲ မဟုတ်ရင် သူမက ဘာလို့ ငါနောက်ကိုလိုက်နေမှာလဲ သူမကငါကိုသ‌ဘောကျတာမဟုတ်ရင်လေ"

မိန်းကလေးတစ်ယောက်က နာတာလီရဲ့ကွန်ဖီးဒန့်ရှိနေသောစကား၌ တခစ်ခစ်နှင့်ရယ်လိုက်သည်
"ငါသိသားပဲ ခုနတုန်းကမြင်လိုက်တယ် သူကိုကြည့်ရတာ နင့်ကိုအရမ်းသဘောကျနေသလိုပဲ နင်တို့နှစ်ယောက်လုံးက ရင်းနှီးတဲ့ညီအမပုံစံ တကယ်ပေါက်နေတာ အဲ့လိုမထင်ဘူးလား"

နာတာလီအတွက် သူမရဲ့ခံစားချက်တွေကိုတွေးလိုက်သောအခါ အက်စတယ်လာရဲ့နားရွက်တွေမှာ နာတာလီကြောင့် နီမြန်းလာသည်မှာ သိသာပေသည် ဒါပေမဲ့ နောက်ကနေလိုက်လာတဲ့စကားလုံးက အက်စတယ်လာရဲ့ခုန်နေသောရင်ကို ရေခဲတမျှအေးစက်သွားစေသည်

"ရူးနေတား"
နာတာလီ စိတ်ကြီး၀င်နေရင်း နှာခေါင်းရှုံပြလိုက်သည်
"ငါအခုလို လုပ်ပြနေတဲ့ အကြောင်းအရင်းက ငါ့အမေနဲ့အဖေကြောင့်ပဲ သူတို့က ငါကိုအခုလိုလုပ်‌ခိုင်းနေတာလေ ငါထပ်ပြီးဖျားရင်ဘယ်လိုလုပ်မလဲ ထပ်ပြီးဖြစ်လာခဲ့ရင် ငါက သူတော်စင်ရဲ့စွမ်းအားကို ထပ်ပြီးလိုအပ်လာမှာလေ ဒါကြောင့် ငါတို့ကရင်းနှီးသလိုလိုနဲ့ သူမကို ငါအနားကိုလိုက်ခွင့်ပေးထားတာ"
"ဒါကြောင့် နင် သူမနဲ့စကားပြောဖို့ ခက်ခက်ခဲခဲကြိုးစားနေတာကိုး"
"သူမအရှေ့မှာ ကြည့်ကောင်းဖို့ ငါလုပ်နေရတာ ငါအများကြီးပြောနေရတာက ‌စကားပြောစရာခေါင်းစဉ်ကုန်သွားမှာကြောက်တာကြောင့်လေ ပြောရရင် ငါသူမရဲ့ဂါ၀န်ကို ကြည့်ရမှာတောင်မုန်းတယ် သူမက ရှက်ရမယ်ဆိုတာကို တကယ်မသိတာ"
"ထင်တဲ့အတိုင်းပဲ သူတော်စင်က တန်ဖိုးကြီးပစ္စည်းတွေကိုမုန်းပြီး ဆင်းရဲတာကိုကြိုက်တာပဲ"
ထိုမိန်းကလေးတွေ ရီစရာကောင်းတဲ့ပြက်လုံးတစ်ခုကြားလိုက်ရသလို ရယ်မောနေကြသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now