အပိုင်း(၃၀)

911 101 0
                                    

ကားလစ်က သူမကို သံသယမျက်လုံးတွေနှင့် ကြည့်နေခဲ့ပေမဲ့ သူထပ်ပြီး မပူဆာတော့ပေ
"မင်းပြောတဲ့အတိုင်း‌ဆိုရင်တော့ မတတ်နိုင်ဘူးပဲ"
ထိုသို့ပြောပြီး ကားလစ် စံအိမ်ကနေထွက်သွားတော့လေသည်

မြင်ကွင်းကနေပျောက်ကွယ်သွားတဲ့ ရထားလုံးကိုကြည့်ပြီး သူမရေရွတ်လိုက်သည်

"ငါ့ရဲ့ဒုတိယဇာတ်လိုက်ကတော့ ရောက်မလာပဲ မမျှော်လင့်ထားတဲ့ဇာတ်လိုက်က ရောက်လာပြီး ‌ပြန်သွားပြီ"
ကားလစ်က ဒီကမ္ဘာမှာရှိတဲ့ လူတွေထက် ပိုပြီး သန်မာတဲ့ တည်ရှိမှုတစ်ခုနဲ့ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း ထို့အရာက သူမအတွက် နည်းနည်းလေးတောင် အကျိုးသက်ရောက်မှုမရှိပေ

သူမခေါင်းတစ်ခုလုံး၌ ပြည့်နေသောအရာတစ်ခုက လုရှန်ပင် (uwu👉👈)

'ဒါပေမဲ့ သူကတော့ ငါ့ကို ဒီနေ့ရော မနက်ဖြန်မှာပါ လာမတွေ့နိုင်ဘူး'
သူမမျက်လုံးတွေက ကြောင်မျက်လုံးတွေလို တောက်ပလာရင်း ရေရွတ်လိုက်သည်
"ရှင်မလာနိုင်မှတော့ ကျွန်မကပဲ လာရတော့မှာပေါ့ ဟမ့်"
─────〔〕─────

တိမ်ကင်းစင်တဲ့နေ့တစ်နေ့မှာ နေမင်းက ကောင်းကင်ရဲ့အလည်မှာ အလွန်အမင်းတောက်ပစွာ ချိတ်ဆွဲနေခဲ့သည် သူမခေါင်းအထက်ကနေ မီးကဲ့သို့တောက်ပနေတဲ့ နေလုံးကြီးကို မျက်စောင်းထိုးလိုက်သည်
သာမန်အထက်တန်းလေဒီတွေ အဖြူရောင်ကျောက်စိမ်းလိုဖြူတဲ့ အသား‌ရည်တွေနေလောင်ကုန်မှာကြောက်တာကြောင့် အိမ်အပြင်ကိုမထွက်ရဲသော နေ့တစ်နေ့ဖြစ်သည် သူမကတော့ အလွန်ပူလောင်နေသောနေရောင်အောက်၌ ထိုင်နေခဲ့သည်
အ၀ကျယ်တဲ့ brim ပုံစံဦးထုပ်ကိုဆောင်းထားပြီး လက်တစ်ဖက်၌ ဇာနဲ့လုပ်ထားတဲ့ ထီးကိုကိုင်ထားပြီး တစ်ခြားတစ်ဖက်က ယပ်တောင်တစ်ခုကို ညင်သာစွာ ခပ်နေခဲ့သည်

'ဟူး ဒီနေ့က တကယ်ပူတာပဲ'
သို့သော်လည်း သူမအိမ်ပြန်ဖို့စိတ်ကူးမရှိပေ
စစ်သည်တွေလေ့ကျင့်တာကြည့်ဖို့ သူမမတ်တပ်ရပ်နေလိုက်သည်
တိုက်ခိုက်ကွင်းအထဲ၌ စစ်သည်ပေါင်းရာနှင့်ချီတို့က သူတို့ရဲ့ အဆင့်အရ တန်းစီနေကြသည်
ထိုစစ်သည်အားလုံးရဲ့ရှေ့မှာကတော့ ငွေရောင်သံချပ်ကာနှင့် လုရှန်ပင်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now