အပိုင်း(၄၀)

883 130 1
                                    

"ကိုယ်တောင်းပန်ပါတယ် လေဒီ"

"ဘာကိုလဲ"

"အရှင်ဧကရာဇ်ဆီက အမိန့်တစ်ခုဖြစ်နေတယ်ဆိုပေမဲ့ မင်းတို့စကားပြောနေတာကို ပုန်းပြီး ခိုးနားမထောင်သင့်ဘူး ကိုယ် လေဒီကို လှည့်စားမိလိုက်သလိုဖြစ်သွားတယ်"

လုရှန် ခပ်တောင့်တောင့်မျက်နှာထားနှင့် ခေါင်းကိုငုံ ခါးကိုကွေးကာ တောင်းပန်တဲ့အနေနဲ့ ဦးညွှတ်လေသည်
"ကိုယ့်အမှားပါ"

ထိုအခိုက်အတန့်မှာတောင်မှ သူမျက်နှာကအလျော့အတင်းလုံး၀မရှိတဲ့ပုံပေါ်နေပြီး  သူမအတွက် သူ့တောင်းပန်စကားကြောင့် ရင်ထဲ ထိသွားတော့သည် သူမလက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားရင်း စကားပြောဖို့ ရုန်းကန်နေရတော့သည်
"ကိစ္စမရှိပါဘူး စစ်သည်တွေအတွက် သူတို့အရှင်သခင်ရဲ့အမိန့်ကိုလိုက်နာရတာက  ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်မသိပါတယ် ရှင်မလုပ်ချင်ရင်တောင်မှ အမိန့်ကို နာခံနေရအုမ်းမှာပဲ"

'ရှင်က တခါမှမတွေ့မမြင်ဖူးတဲ့မိန်းမတစ်ယောက်နဲ့တောင် စေ့စပ်ခဲ့သေးတာပဲ'

သူမရဲ့စကားတွေကြားပြီးတာတောင်မှ လုရှန်ရဲ့မျက်နှာက အနည်းငယ်တောင်မှ မပေါ့ပါးသွားခဲ့ပေ ပထမတုန်းကတော့ တည်ငြိမ်နေတဲ့ နီရဲရဲမျက်၀န်းတွေထဲမှာ ဒေါသမီးတွေတောက်လောင်နေခဲ့သည် ထိုအရာကိုမြင်လိုက်တော့ သူမရင်ထဲ တင်းမာလာခဲ့သည် ထိုအခိုက်အတန့်၌ လုရှန်ရဲ့ပုံတူပန်းချီကားက တနည်းနည်းဖြင့် သူမ စိတ်ထဲရောက်လာခဲ့သည် နွေဦးကာလက နေရောင်လိုတောက်ပတဲ့အပြုံးနှင့် ထိုမျက်နှာက ယခု သူဖြစ်နေတဲ့အေးစက်စက်မျက်နှာနှင့် အလွန်ကွာခြားနေသည်

အက်စတယ်လာကိုသာ ပြသခဲ့ဖူးးသည့် ထိုအပြုံး

သူအနေနဲ့ သူမကို စေ့စပ်ထားသူတယောက်အနေနဲ့ respect ထားတယ်ဆိုရင်တောင်မှ၊ သူမကိုသဘောကျတယ်ဆိုရင်တောင်မှ၊ အက်စတယ်လာအပေါ်ထားရှိတဲ့ သူရဲ့ခံစားချက်တွေကို ဘယ်တော့အခါမှကျော်လွန်နိုင်မည်မဟုတ်ပေ

'အဲ့လိုဆိုရင်တောင်မှ ဒါက တအားကို ရက်စက်လွန်းတယ် ငါက သူ့ဇနီးလောင်းပါဟ'

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now