အပိုင်း(၅၁)

635 93 0
                                    

သူမမျက်လုံးထဲ ၀င်လာတဲ့ ပထမဆုံးအရာက သူ့တကိုယ်လုံးဆင်မြန်းထားတဲ့ တလက်လက်တောက်ပနေသော လက်၀တ်ရတနာတွေ ‌ပင်

နားရွက်၊ လည်ပင်း၊ လက်မောင်းနှင့် ခါးတို့မှ ပြောင်လက်တောက်ပသော ရတနာပစ္စည်းများကို ၀တ်ဆင်ထားသည့် အမျိုးသားကတော့ ဘာမှမသိဘဲ သမ်းနေတော့သည်

'အိုး မိုင်; သူက မိတ်ကပ်ပါလိမ်းထားသေးတာပဲ'

သူက အလွန်အမင်းလှပတဲ့ ယောကျာ်တစ်ယောက်မဟုတ်ပေမဲ့ ရှင်းလင်းနေတဲ့မျက်နှာနှင့် မိတ်ကပ်တို့နှင့် သူပုံစံက လှပလွန်းနေသည် ဝတ်ဆင်ထားပုံအားလုံးက idol တစ်ယောက်လိုပင် သူပုံစံက သူမမှန်းထားတာနှင့် လုံး၀ကိုကွာခြားနေလေသည်

'ခွဲခန်းသုံးဓားအစား မိုက်ကိုင်ထားတာကမှ အဲ့မျက်နှာနဲ့ ပိုလိုက်အုမ်းမယ်'

သူမ ခွန်းဆီသွားလိုက်ပြီး သူမဂါ၀န်စကိုကိုင်ကာ နှုတ်ဆက်လိုက်သည်

"အင်ပါယာကနေကြိုဆိုပါတယ် ကျွန်မက ပါနေးရားလိုင်လာပါ ရှင့်ကိုလာကြိုတဲ့သူပါ"

သူမထင်ခဲ့တာက သူကလဲ သူ့ကိုယ်သူ ချက်ချင်း ပြန်ပြီးနှုတ်ဆက်လိမ့်မယ်လို့ပေါ့ အဲ့အစား

ခွန်းက သူမကို အရာ၀တ္ထုတစ်ခုကိုအကဲဖြတ်နေသလို သူမအား အပေါ်ကိုကြည့်လိုက် အောက်ကိုကြည့်လိုက်လုပ်ပြီး တုံးတိမျက်နှာဖြင့် ပြောလာခဲ့သည်

"ဘာများလဲလို့ ငါထင်ထားတာ ကာဒီယမ်နဲ့စေ့စပ်ထားသူ ဘယ်လောက်တောင် တင့်တယ်နေမလဲဆိုပြီး တွေးတောနေမိတာ ဒါပေမဲ့ မင်းကရုပ်ဆိုးတာပဲ"

'သူဘာပြောလိုက်တာ'

'ငါက ရုပ်ဆိုးတယ်?'

သူမ ပြောစရာစကားမဲ့သွားသည်
သူမအား လူအများက ရိုင်းစိုင်းပြီး အရည်အချင်းမရှိဘူး လို့ပြောကြတယ် ဒါပေမဲ့ သူမဘယ်တော့မှ အစော်ကားမခံရဖူးတဲ့အရာကတော့ သူမမျက်နှာပင်

သူမ သူ ကော်လံကိုဆွဲကာ 'ရှင်မျက်လုံးတွေသေသေချာချာမြင်ရရဲ့လား'ဆိုပြီး အော်ပစ်လိုက်ချင်သည် ဒါပေမဲ့ သူမ ထိန်းထားလိုက်သည်

'လုရှန် ဒီအကြောင်း ကြိုသတိပေးဖူးတယ် သူမှာ ပုံမှန်မဟုတ်တဲ့ personality ရှိတယ်တဲ့ ဒါကြောင့် ကိုင်တွယ်ရတာလွယ်မှာမဟုတ်ဘူးတဲ့'

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now