အပိုင်း(၆၀)

584 93 3
                                    

သူမအဖေစိုးရိမ်တဲ့ အန္တရာယ်များတဲ့အခြေအနေတွေကို သူမကိုယ်တိုင်တော့ ရောက်အောင်လုပ်မည်မဟုတ်သည်မှာ သေချာသည် သူမက တိုက်ခိုက်မည့်လူမဟုတ်တာကြောင့် အရှေ့ကနေ ရပ်မည်မဟုတ်ပေ စစ်သည်တွေရဲ့အကာအကွယ်နဲ့ လုံခြုံမည့် နောက်ပိုင်းနေရာမှာသာ နေမည်ဖြစ်သည် အန္တရာယ်ရှိတယ်ဆိုတာနဲ့ တော်၀င်အင်အားတွေက နောက်ဆုတ်ကာ သူတို့ရဲ့ခရီးစဉ်ကို ရပ်တန့်မည်ဖြစ်သည် ဒါပေမဲ့ လုရှန်က ဒါမျိုး ဖြစ်အောင်လုပ်မှာမဟုတ်ပေ

ဒါကြောင့် စစ်မြေပြင်ကို သွားရမှာ သူမမကြောက်ရွံ့တာဖြစ်လေသည်

ဧကရာဇ်ရဲ့ မိန့်ခွန်းရှည်ကြီးပြီးနောက် နောက်ဆုံးမှာတော့ စစ်သည်တွေက စတင်လှုပ်ရှားလေသည် ရထားလုံးရဲ့ ပြတင်းပေါက်သေးသေးလေးကနေ လုရှန်ကို လှမ်းမြင်နိုင်သည် လုရှန်ရဲ့ မျက်လုံးတွေက သူမနဲ့ဆုံတဲ့အခါတိုင်း နူးညံ့သွားလေသည် သူမှာ တခဏက အာဏာရှိရှိအသံနဲ့ စစ်သည်တွေကို အမိန့်ပေးနေတာကို မြင်ကြည့်ဖို့ ခက်ခဲတဲ့ နူးညံ့ညင်သာတဲ့ မျက်နှာတစ်ခုရှိလေသည်

ပုံမှန်ဆိုရင် သူမသည် သူအပြုံးကြောင့် ဖမ်းစားခံရမှာဖြစ်ပေမဲ့ တခုခုထူးဆန်းသလို ခံစားလိုက်ရသည်
(တခုခုတော့ တခုခုနော်)

သူမရင်ဘက် တစ်ခြမ်းမှာ စူးအောင့်သွားသလို ခံစားသွားရလေသည် ဒီခံစားချက်ကို ဖုံးကွယ်ဖို့ကြိုးစားပြီး သူ့ကိုပြုံးပြလိုက်လေသည်
* * *

စစ်မြေပြင်ကိုသွားတဲ့ လမ်းက သူမထင်ထားတာထက် ပိုပြီး သက်တောင့်သက်သာဖြစ်လေသည်

စစ်သည်တွေက သူမကို သူတို့ခေါင်းဆောင်ရဲ့ ဇနီးလောင်းအနေနဲ့ ဂရုအကြီးကြီးစိုက်ကာ ဆက်ဆံပြီး လုရှန်ကလဲ သူမကို အထူး အာရုံစိုက်လေသည် မတည်ရှိဖူးတဲ့ မင်းသမီးတစ်ပါးလို ဆက်ဆံခံနေရတယ်လို့ ခံစားရလေသည်

ဒါပေမဲ့ အဲ့ဒါက သက်တောင့်သက်သာဖြစ်ရုံတင်မကပေ
'ဟစ် ဟစ် နည်းနည်းလေးသာ ထပ်သွားရရင် ငါတော့ ဖင်မှာ အသားမာတတ်တော့မယ်'

ဒီရထားလုံးက ဘယ်လောက်ပင်အဆင့်မြင့်ပါစေ တနေ့လုံးနီးပါးထိုင်နေရပြီးနောက် သူမဖင်က စပ်ဖျဉ်းဖျဉ်းဖြစ်နေတော့သည် သနားစရာဖင်ကို ပွတ်နေချိန်မှာ ရထားလုံးက ရပ်သွားလေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now