အပိုင်း(၂)

2.3K 255 5
                                    

'ဒီအရူးကောင်ကတော့! ဒီအခွင့်အရေးကို လက်လွှတ်ပစ်မယ်လို့တော့ ငါကိုလာမပြောနဲ့နော်'

သူပြောမိတာက သတိလက်လွှတ် မတ်တပ်ထရပ်မိသွားစေတယ်

"ဘယ်လိုလဲ"

"ပြောရရင် ငါသူ့ကို တအားချစ်တယ်"

'သူ့အတွင်းကျကျအတွေးတွေကို ထုတ်ဖော်ဖို့ နည်းမရှိဘူး ငါတော့ အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတွေပဲ ကြားရတော့မယ်ထင်တယ်'
ဒါပေမဲ့ ငါထင်ထားတာနဲ့ လုံး၀ကို ကွာခြားနေတယ်

"ငါက အကသမားကောင်းမဟုတ်ဘူး"

'ရှင်ဘာအကြောင်းပြောလိုက်တာလဲ'

သူမ လုရှန်ကို မျက်လုံးပြူးပြီး ကြည့်လိုက်တယ်
မျက်လုံးတွေကို အောက်ဆိုက်ထားပြီး သူ့နှုတ်ခမ်းကို ကိုက်ထားတယ် ကြည့်ရတာ သူ့မျက်လုံးတွေ နည်းနည်းလေး နီလာသလိုပဲ

"ငါတကယ် ကတဲ့နေရာမှာ မတော်တာ"

သူမလုံး၀မမျှော်လင့်ထားမိဘူး မူရင်းအတိုင်း ထုတ်မပြောလာဘူး
သူမ မယုံနိုင်ဘူး နတ်သမီး‌ပုံပြင်တွေထဲက မင်းသားလို ဒီလောက်လှတဲ့ အမျိုးသားက မကနိုင်ဘူးဆိုတာ

'ဒါပေမဲ့ တွေးကြည့်မယ်ဆိုရင်တော့ အဓိပ္ပာယ်ရှိသလိုလိုပဲ လုရှန်က မိဘမဲ့ ပြီးတော့ သူအသက် 12နှစ်ထဲက စစ်မြေပြင်မှာနေလာခဲ့တာ'

သူအရွယ်ရောက်လာကထဲက သူလက်ကဓားကိုင်နေရတာကြောင့် သူ အကကိုသင်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး
ပိုပြီးတော့ပြောရရင် အဲ့ကထဲက သူ ပွဲတတ်တယ်ဆိုတာ တအားရှားတယ်
သူမရဲ့တိတ်ဆိတ်မှုက ပိုကြီးသလို့ လုရှန်မျက်နှာကလဲပိုပိုဆိုးလာတယ်

အကက အထက်တန်းသူတွေအတွက် မရှိမဖြစ်ပဲ
သူမကနိုင်ဘူးဆိုတာ အဆင်ပြေပြေ ပြောပြီးကထဲက သူထင်လိမ့်မယ် အထက်တန်းမိန်းမပျိုတယောက်အတွက် သူက ဘယ်လောက်အသုံးမကျလဲဆိုတဲ့အကြောင်း

နောက်ဆုံးတော့ သူအသံတိုးတိုးလေးနဲ့ လေးလေးလံလံ ပြောလိုက်သည်

"တောင်းပန်ပါတယ် လေဒီပါနေးရား"
အခုအခြေအနေမှာတော့ သူမကသာ ရုတ်တရက်ပြောလိုက်တာကြောင့် ရှက်သင့်တဲ့သူပဲဖြစ်သင့်တယ်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးTahanan ng mga kuwento. Tumuklas ngayon