အပိုင်း(၁၀)

1.5K 185 1
                                    

ပေါလ် ကမ်းပေးနေသော ကုတ်အင်္ကျီအား ၀တ်ရင်း လုရှန် ပါနေးရားအကြောင်းတွေးနေခဲ့သည်

[ဒီစေ့စပ်ပွဲအတွက် သူ စိတ်ကို ပြင်ဆင်ထားပြီး ၀တ်စုံတစ်ခု ၀ယ်ခဲ့တာ ကိုယ့်အကြောင်းကိုယ် အဲ့လိုမပြောချင်ပေမဲ့ ၀တ်စုံက ငါနဲ့ လိုက်ဖက်နေတယ် ပိုက်ဆံက တကယ်ကောင်းတာပဲ]

ထိုအရာက လုရှန်ကို ပြုံးစေခဲ့သည်
သူမကအမြဲတမ်း ပွင့်လင်းသည် တခါတရံ သူမရဲ့ပွင့်လင်းမှုကို ဘယ်လိုတုံ့ပြန်ရမလဲမသိတောင် ဖြစ်ခဲ့ရသည်

ဘယ်လိုပုံစံနဲ့တူမလဲဆိုတာ ကြည့်ဖို့ သူမစောင့်နိုင်တော့ပေ
လုရှန် သူ့ကိုယ်သူ မှန်ထဲကြည့်ရင်း
ဧကရာဇ်ရဲ့ personal suitကို ဆင်မြန်းထားရင်း ပန်းချီကားထဲ ပေါ်လာသလို သိမ့်မွေ့ပြီး လှပနေသလိုပင်
သူက မိဘတွေမရှိဘဲ ညစ်ပတ်ပြီး စွန်းထင်းနေတဲ့ အ၀တ်အစားတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတယောက်ဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှတွေးမိမှာမဟုတ်ဘူးး

ပြီးတော့ စစ်မြေပြင်မှာ သိပ်ကြာကြာနေခဲ့ရပြီး သူတကိုယ်လုံး သွေးနီနီတွေနဲ့ ဖုံးလွှမ်းခံထားရတာ မဟုတ်သလိုပင်
လုရှန် ပေါလ်နှင့်အတူ စံအိမ်မှထွက်လာခဲ့သည်

လိုင်လာနေရာသို့ ရောက်ရှိလာခဲ့ပြီး လုရှန် ဒုတိယထပ်သို့ မှုးမတ်ရဲ့နောက်မှလိုက်သွားခဲ့သည်
အခုတော့ သူ ပါနေးရား၏ အိပ်ခန်းတံခါးရှေ့မှာပင်

တံခါးရှေ့မှာ သူမကို စောင့်နေရခြင်းက သူ့လည်ချောင်းတွေကိုခြောက်လာအောင် လုပ်နေခဲ့သည်
လုရှန်ရဲ့ လျှာနှင့် နှုတ်ခမ်းများကလဲ ခြောက်လာခဲ့သည်

'သူမကို တွေ့လာခဲ့သည်မှာ နှစ်ပတ်ပင်ကျော်ပြီဖြစ်သည် အခုမှ ဘာထဖြစ်ပြန်တာနည်း'
လုရှန်ခေါင်းကိုခါရင်း အမည်မဖော်လိုသော စိတ်ခံစားချက်များကို အဝေးတွန်းပို့နေခဲ့သည်

ဒါပေမဲ့ ပါနေးရာကို မြင်မြင်ချင်း သူဘာမှမပြောနိုင်တော့ပေ
သူမလှတယ်ဆိုတာ သူသိပါသည် တခါတရံ သူမအပြုံးက ပန်းကလေးတစ်ခုနဲ့ တူပေသည်
ဒါပေမဲ့ သူမအနီရောင် ၀တ်စုံနှင့် ခပ်နက်နက် ခရမ်းပြာရောင် ဆံပင်တို့က သူကိုအတွေးများအောင် ညို့ယူဖမ်းစားလွန်းခဲ့သည်
သူများတွေသာ သူမရဲ့အခုလိုပုံစံကို မြင်လိမ်မည်ဆိုရင်?

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now