အပိုင်း(၁၄)

1.1K 149 1
                                    


'သူမစကားတွေက သေးသိမ့်လိုက်တာ ဒါပေမဲ့ ငါထင်ထားသလောက်လဲ ဒေါသမထွက်မိဘူးပဲ'
သဘောထားသေးသိမ်တဲ့အလုပ်‌ေတွလုပ်ပြီး ပြောခဲ့တဲ့ အရင်ပါနေးရားရဲ့လုပ်ရပ်တွေကြောင့် ၀ဍ်လည်တာလို့ပဲ သတ်မှတ်လိုက်ပါမယ်

သူမ စားပွဲပေါ်က စတော်ဘယ်ရီကိတ်အား ဣန္ဒြေမပျက်ပဲစားနေခဲ့သည်
"ဒါပေမဲ့ အရှင်ကာဒီယမ်က ဘာလုပ်ပေးနိုင်မှာလဲ ရှင် သူ့ကို နမ်းဖို့ကြိုးစားရင်တောင်မှလေ အရှင်ကာဒီယမ် ပိုက်ဆံတွေသုံးတဲ့ တစ်ခုထဲသောအရာက သူတော်စင်မ ဦးဆောင်တဲ့ စေတနာ၀န်ထမ်းအဖွဲကိုပဲ"

"အဲ့ဒါတော့ဟုတ်တယ် စစ်ပွဲနိုင်လို့ ရခဲ့တဲ့ အပိုဆုကြေးတွေကိုလဲ အဲ့အဖွဲ့အစည်းကိုပဲ လှူလိုက်တာ"
ဒီအခြေအနေအထိတော့ အရာအားလုံးကအဆင်ပြေနေခဲ့သေးသည် ဘယ်လိုပဲဖြစ်ဖြစ် နောက်ကနေဆက်လိုက်လာတဲ့ စကားတွေကတော့ ပြဿနာတစ်ခုပင်
"အဲ့ဒါက သူတော်စင်မက ယောကျာ်းတွေကိုဆွဲဆောင်တဲ့နေရာမှာ ကျွမ်းကျင်မှုတစ်ခုရှိတယ်လို့ မခံစားရဘူးလား"

အဲ့အချိန်မှာတော့ ပါနေးရား ပါးစပ်ထဲထည့်မဲ့ စတော်ဘယ်ရီကိတ်ကလေထဲ၌ ရပ်တန့်သွားခဲ့သည်
အီရစ်ကာရဲ့ မျက်လုံးများက ပါနေးရားရဲ့တုန့်ပြန်မှုကြောင့် အရောင်တောက်လာခဲ့သည် ထောက်ချောက်ထဲမှာ သားကောင်မိနေသော မုဆိုးတယောက်လိုပင်

အီရစ်ကာ သူမဘေးကအမျိုးသမီးများအား စိတ်လှုပ်ရှားစွာ စတင်စ‌ကားပြောခဲ့သည်
"ရှင်တို့အားလုံးလဲ လေဒီပါနေးရားရဲ့ စေ့စပ်ပွဲအခမ်းအနားနေ့ကို မှတ်မိကြမှာပဲ အိမ်ရှေ့စံမင်းသားက သူတော်စင်မရဲ့ လက်ကိုဆွဲပြီး ထွက်သွားခဲ့တာလေ ပုံမှန် တခြားသူတွေနဲ့စကားပြောခဲတဲ့ အရှင်ကာဒီယမ်တောင် သူတော်စင်မအပေါ် မှာ အကြည့်မခွာနိုင်ခဲ့ဘူး အရှင်ဧကရာဇ်ကတောင် သူတော်စင်မကို မျက်နှာသာပေးတဲ့နေရာမှာ နာမည်ကျော်ကြားသေးတာပဲ"

အီရစ်ကာ၏စကားအောက်၌ အမျိုးသမီးများ စတင်လှုပ်ရှားလာခဲ့သည်
"ပြီးတော့ ကျွန်မအကိုရောပဲ သူတော်စင်မကို မြင်တိုင်း သူ့မျက်နှာက ကြယ်တွေထုစစ်မဲ့ရုပ်နဲ့"
"ကျွန်မရဲ့ မောင်ရောပဲ"
အမျိုးသမီးတိုင်း အယ်စတယ်လာအနားရောက်ရင် သူတို့အသဲနှလုံးတွေကျရှုံးသွားတတ်တဲ့ ယောင်္ကျားများအကြောင်း ဇာတ်လမ်းစီးရီးလိုက် စတင်ပြောလာကြတော့သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now