အပိုင်း(၆၅)

529 92 4
                                    

“……”

ထိုသူက သူမကို တုန်လှုပ်နေသောအကြည့်နှင့် ကြည့်နေတော့သည်

'ကောင်းပြီလေ ရှင် အခု ဘာလုပ်ချင်သေးလဲ'

အလွန်အမင်းအလုပ်လုပ်ထားတာကြောင့် ထိုသူကို သူမမကြောက်ပေ ခွေးတစ်ကောင်ဟောင်နေသလို ပုံစံနှင့် သူမကိုပြောလေသည်
"ပါ ပါးစပ်ကို ပိတ်လိုက် မ မဟုတ်ရင် ကာဒီယမ်မရောက်ခင် လည်ကိုဖြတ်ပစ် လိုက်မယ်"
“yes sir!”

စစ်သည်တစ်ယောက်က သူမဆီ မြန်မြန်ချဉ်းကပ်လာလေသည်
“……..!”

သူမပါးစပ်ကို အုပ်လိုက်တဲ့ လက်ကိုင်ပဝါကနေ အနံပြင်းပြင်းတစ်ခုကို ရလိုက်သည် ထို့နောက် အမြင်အာရုံတွေဝေဝါးသွားလေသည်
* * *

သူမ ဒီကို ကူးပြောင်းလာပြီးနောက် တခါမှမမက်ဖူးတဲ့ အိမ်မက်တစ်ခုမက်လေသည်အိမ်မက်ထဲမှာ <သူတော်စင်အက်စတယ်လာ>ကို ကြမ်းပြင်မှာ လှိမ့်ရင်း ဖတ်နေလေသည် ၀တ္ထုကို အစကနေ အဆုံးအထိ ဖတ်ရင်း သဘောကျနေမိသည် ဒါပေမဲ့စိတ်အလှုပ်ရှားဆုံးအပိုင်းက ဒုတိယဇာတ်လိုက် လုရှန် Yandere အဖြစ်ပြောင်းသွားတဲ့အချိန်ဖြစ်သည် အက်စတယ်လာစိတ်ထဲမှာ တခြားယောကျာ်းတစ်ယောက်ရှိနေပြီး အချိန်နှောင်းချိန်ကျမှ လုရှန်က ခံစားချက်တွေကို ‌၀န်ခံခဲ့သည် သို့သော်လည်း အက်စတယ်လာက မျက်ရည်တွေဝဲကာ ခေါင်းခါတော့သည်

"တောင်းပန်ပါတယ် လုရှန် ငါ ကားလစ်ကို ချစ်တယ်"

"ကိုယ်က အက်စတယ်လာကို သူချစ်တာထက်ပိုချစ်တယ်ဆိုရင်တောင်မှလား"

"ဟုတ်တယ် ရှင်ကျွန်မကို ပိုချစ်ရင်တောင်မှ"

သူမရဲ့နူးညံ့တဲ့အသံထဲမှာ ပြတ်သားမှုတွေရှိနေလေသည် ရမ်းကားသောအမူအရာနှင့် လုရှန်ဒူးထောက်ချလိုက်သည်

သူ့နှလုံးသားက ကွဲကြေသွားခဲ့လေပြီလုရှန် သူ့ကိုယ်သူ နှစ်သိမ့်ဖို့ကြိုးစားနေခဲ့သည်
'နောက်ဆုံးတော့ ငါက သူမအတွက် ဘာမှမဟုတ်ဘူးပဲ မစ်အက်စတယ်လာပျော်ရွှင်မှုအတွက် ဆုတောင်းပေးရတော့မှာပေါ့'

သို့သော်လည်း သူ့စိတ်ထဲမှာရှိနေတဲ့အရာနှင့်ဆန့်ကျင်စွာ အနက်ရှိုင်းဆုံးနေရာ၌ တခြားအသံတစ်ခု ထွက်ပေါ်လာလေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now