အပိုင်း(၆၁)

561 84 1
                                    

“…..!”

လုရှန်ရဲ့ နီရဲရဲမျက်လုံးတွေ တုန်လှုပ်သွားတော့သည် ခွန်းက ပါးစပ်အစွန်းကို မြှင့်ကာ
"ဧကရာဇ်က သူမကိုခြိမ်းခြောက်ခဲ့တယ် ကာဒီယမ်က စစ်ပွဲကို မသွားရင် မင်းနဲ့ သူနဲ့ ကွဲရလိမ့်မယ် ဒါဆို ဒီဟာကြားပြီးတာတောင် သူ ဒီကို မလာပဲ နေလိမ့်မလား"

စိတ်ထိခိုက်သွားသလိုမျက်လုံးတွေနှင့် လုရှန်ကို ကြည့်ပြီး ခွန်းက ဆက်ပြောလေသည်
"မင်း ဘာလို့ ဒီလိုမျက်နှာမျိုးလုပ်ပြနေတာလဲ မင်းမသိတာမျိုးတော့ မဟုတ်ဘူးထင်တယ် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား"

“…..”

ခွန်းက လျှာကိုထုတ်ပြလိုက်ကာ
"ကောင်းပြီ... အရွယ်ရောက်ပါတော့ ကာဒီယမ်"

လုရှန်က ခွန်းပြောတာကို ထပ်ပြီးနားထောင်ချင်စိတ်မရှိတော့ပေ ခွန်းကို အေးစက်စက်မျက်နှာနှင့် ဖြတ်ကျော်သွားလေသည်
[ဒီမှာရှိတဲ့လူတိုင်းက သူမအတွက် သူစိမ်းပဲ ပြီးတော့ သူမမှာ မင်းကလွဲပြီး တခြားသူမရှိဘူး စိတ်၀င်စားစရာမကောင်းဘူးလား]
ခွန်းစကားတွေက သူစိတ်ထဲ ၀င်ရောက်လာလေသည်

လုရှန်က ခေါင်းခါပြီး
‘မဟုတ်ဘူး’

လုရှန်က ပါနေးရားကိုချစ်တယ်
သူသိတဲ့အချစ်က တခြားသူကို ဂရုစိုက်ပေးဖို့ တန်ဖိုးထားပေးဖို့ဖြစ်သည်

ဒါကြောင့် သူနှလုံးသားနှင့်ရင်းပြီး မျှော်လင့်ခဲ့သည်

ပါနေးရားက သူမကို ဂရုစိုက်ပေးတဲ့လူတွေနဲ့ ပဲ ဝိုင်းရံနေတာဖြစ်ပြီး သူမ လုပ်ချင်တာမှန်သမျှလုပ်နိုင်, ပြုံးနိုင်ပြီး, ပျော်ရွှင်နိုင်လေသည်
‘ဒါပေမဲ့ ဘာကြောင့်လဲ…’

လုရှန်သည် အဝေးက ပါနေးရားကို ခက်ထန်သောမျက်နှာနှင့် ကြည့်လိုက်သည် ပါနေးရားက အထီးကျန်ပြီး သူ့ကိုစောင့်နေမယ်လို့ လုရှန်ထင်ထားတာဖြစ်လေသည် ဒါပေမဲ့ ပါနေးရားဘေးမှာ လူတွေဝိုင်းနေလေသည် ထိုလူတွေက ဗိုက်ကိုင်ပြီး ရယ်နေကာ ပါနေးရားက ပျော်ရွှင်နေသောမျက်နှာနှင့် စကားပြောနေလေသည် သူမကို ကြည့်ရတာ တတ်ကြွနေပြီး ထူးဆန်းတဲ့နေရာမှာ ရောက်နေလို့ အထီးကျန်ရတဲ့အရိပ်အယောင်မရှိပေ ထိုအရာကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ သူလုံး၀ကို အေးခဲသွားသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now