အပိုင်း(၄၄)

852 122 2
                                    


ထိုနေ့မှစပြီးသူမလဲ လုရှန်ဆီမသွားသလို လုရှန်ကလဲ သူမဆီမလာခဲ့ပေ ပြီးတော့သူလဲ လက်ဆောင်တွေ သူမဆီထပ်ပြီးမပို့တော့ပေ

တပတ်လောက်ကြာမြင့်ပြီပင်

"ဒီနေ့လဲ တအားလှနေတာပဲ ‌မစ် လေဒီပုံစံက နွေဦးမှာပွင့်တဲ့နှင်းဆီပန်းတွေထက်ပိုလှနေတဲ့အပြင် ညဘက်ကောင်းကင်ပေါ်ကလထက်တောင် ပိုတောက်ပနေတယ်"

အန်နီရဲ့ ရက်ရောသော ချီးကျူးစကားတွေက သူမရဲ့နှုတ်ခမ်းထောင့်များကို မြှင့်တတ်သွားစေသည်

"ဒါဆို မကြာခင်ငါပြန်လာခဲ့မယ်"

သူမလက်ထဲ၌ ပန်းစည်းကြီးတစ်ခုရှိနေခဲ့သည် ထိုပန်းစည်းက အက်စတယ်လာအတွက်ပင်

ဒီနေ့က အက်စတယ်လာ စတင်ထွက်ခွာမဲ့နေ့ဖြစ်သည်

အက်စတယ်လာ ပြည်ပတွင် စာလေ့လာဖို့သွားမဲ့အကြောင်း သိသွားတုန်းက အင်ပါယာတစ်ခုလုံး ရှော့ရသွားခဲ့ကြသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သူတော်စင်တစ်ယောက် အင်ပါယာကထွက်သွားတာမျိုး တခါမှမကြားဖူးတာကြောင့်ပင်

သူမပြည်ပတွင်စာသင်သွားမည့်သတင်းက အသံပေါင်းများစွာထွက်လာခဲ့သည် ဒါပေမဲ့ ယောကျာ်းသုံးယောက်ရဲ့အာဏာကြောင့် ထိုအခြေအနေက တခဏတွင်းမှာပင် ငြိမ်သက်သွားခဲ့သည်

[သူတော်စင်ဆိုတာက အင်ပါယာရဲ့ အဖိုးတန်ရတနာတစ်ပါး ထိုလိုလူတယောက်က ထွက်သွားပြီး တခုခုဖြစ်သွားရင် အင်ပါယာအတွက် ဆုံးရှုံးမှုအကြီးကြီးတစ်ခုဖြစ်သွားလိ့မ်မယ်]

အထက်တန်းလွှာတွေရဲ့အငြင်းပွားမှုကို ဧကရာဇ်က ရပ်တန့်ပစ်လိုက်သည်

[ရလာမဲ့အကျိုးကျေးဇူးတွေကို တွေးကြည့်စမ်းပါ အရှူံးမဟုတ်ပဲ စီဘရမ်ဘုရင့်နိုင်ငံလိုနေရာမျိုးက တပါးနိုင်ငံသားကို သူတို့ရဲ့နိုင်ငံပိုင်ဆေးစင်တာမှာ လေ့လာခွင့်ပေးတာက ပုံမှန်မဟုတ်ဘူးလို့ပြောနေတာပဲ သူမက သူတော်စင်ဖြစ်နေတာကြောင့်ဆိုတဲ့ ဖြစ်နိုင်ချေတစ်ခုပဲရှိတယ် သူတော်စင်သာ စီဘရမ်ဘုရင့်နိုင်ငံရဲ့ ဆေးပညာကိုသာ လေ့လာလိုက်ရင် ငါတို့နိုင်ငံရဲ့ဆေးပညာကလဲ သိသိသာသာတိုးတတ်လာလိမ့်မယ် ဒါက နိုင်ငံအတွက် အရမ်းအထောက်အကူမဖြစ်ဘူးလား]

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now