အပိုင်း(၁)

3.3K 301 4
                                    

အပိုင်း(၁)
ကျွန်မဖတ်ခဲ့မိတဲ့ ၀တ္ထုနာမည်က <သူတော်စင်မ အက်စတယ်လာ>
သူတော်စင်မဖြစ်တဲ့အတွက် သူမကိုလုံလောက်အောင်ကြောက်မိစေတယ် ဒါပေမဲ့ အမျိုးသမီးဇာတ်လိုက်မှာ ဆွဲဆောင်မှုရှိတဲ့အရည်အချင်းတွေအများကြီးရှိတယ်
၀တ္ထုထဲမှာပါတဲ့ ချောမောတဲ့ယောကျာ်းအားလုံးက သူမရဲ့ဆွဲဆောင်ခြင်းခံထားရတယ်
အားလုံးထဲမှာမှ လုရှန် ကာဒီယမ် ဧကရာဇ်ရဲ့ နံပါတ်၀မ်း သူရဲကောင်း
ကျွန်မ ဒုတိယဇာတ်လိုက် လုရှန်ကို အမျိုးသားဇာတ်လိုက် အိမ်ရှေ့စံမင်းသားထက် ပိုသဘောကျမိတယ်

"ဟ! စစ်မြေပြင်မှာ လူတွေကို အစိတ်စိတ်ခုတ်ပိုင်းပစ်တဲ့ အမျိုးသားတယောက်က ဘာလို့များ သူတော်စင်မနဲ့တွေ့ရင် စိတ်လှုပ်ရှားနေရတာလဲ? ဒီရူးလှတဲ့ ဖြူစင်တဲ့နှလုံးသားပိုင်ရှင် မိမစစ် ဖမစစ်ကောင်ကတော့"
[သူက bastardလို့သုံးထားတာ အိုင်ပိုရေးတာမဟုတ်ဘူး ကိုယ့်MCက ရှယ်ဆဲတဲ့သူမလို့🥲]

သူက သူတော်စင်မကို ငယ်ငယ်ကထဲက ကြိုက်ခဲ့တာ ဒါပေမဲ့ သူ့ရဲ့ခံစားချက်တွေကို ထုတ်မပြရဲဘူး

ဘာလို့လဲဆိုတော့ သူက နီရဲရဲ မျက်လုံးတွေနဲ့ မွေးဖွားလာတာကြောင့် ရှေးအခါတွေတုန်းက အနီရောင်မျက်လုံးတွေကို နတ်ဆိုးရဲ့ ကျိန်စာလို့ ခေါ်ခဲ့ကြတယ်
ဘာနေနေ သူက သူရဲကောင်းဖြစ်ဖို့ အသက်အငယ်ဆုံးဖြစ်နေပါစေ ဒါမှမဟုတ် စစ်မြေပြင်မှာ သူဘာတွေလုပ်ပြခဲ့ပါစေ လူတွေက သူကနတ်ဆိုးရဲ့စွမ်းအားတွေသယ်ဆောင်ထားတယ်လို့ပြောပြီး ကန်ကွက်ကြတုန်းပဲ

ဒါကြောင့် လုရှန်က သူတော်စင်မကို ရှောင်ခဲ့တယ်
သူတော်စင်ဖြစ်တဲ့အတွက် သူမကို သဘောကျရင် ကြီးမားတဲ့အပြစ်ဖြစ်တယ်
ဒါကြောင့်မို့ သူမနဲ့ နီးစပ်ချင်တဲ့ သူရဲ့လိုအင်ဆန္ဒတွေကို အကြိမ်ကြိမ် နောက်ပို့ထားခဲ့တယ်

ကျွန်မစိတ်၀င်စားတယ်ဆိုတာ မြင်ရဖို့တအားခက်ခဲတယ်

ဒါပေမဲ့ သူတော်စင်မက အိမ်ရှေ့စံနဲ့ ချစ်ကျွမ်း၀င်နေတယ်ဆိုတာ သူသိသွားတော့ သူရဲ့ သံတံတိုင်းခက်ထားတဲ့နှလုံးသားက သဲတွေလို ပြုတ်ကျခဲ့တယ် ဖိနှပ်ထားတဲ့လိုအင်ဆန္ဒတွေက ပြင်းပြင်းထန်ထန်ပေါက်ထွက်လာခဲ့တယ်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now