အပိုင်း(၆၂)

541 85 1
                                    

မှူးမတ်ကတော်ရဲ့စကားကိုတုံ့ပြန်တဲ့အနေနဲ့ သမီးနှစ်ယောက်ကပြောလေသည်
"အဲ့လူက ပိုမကောင်းဘူးလား သူက တောအုပ်နဲ့လဲ ရင်းနှီးတယ်ပြီးတော့ ဆေးပင်တွေအကြောင်းကို တခြားသူတွေထက်လဲပိုသိတယ်"

"သူက မိတ်ကပ်မှာလဲ စိတ်၀င်စားတယ် ဒါဆို သူက နေးရားနဲ့ စကားပြောရတာကြိုက်မှာပဲ"

'အိုးမို‌င်ဂေါ့ ဒီလို အရည်အချင်းရှိတဲ့လူမျိုး ကျေးလက်ဒေသမှာရှိသေးတာလား'

မျက်နှာတောင်မသိတဲ့ 'သူ'ဆိုတဲ့သူရဲ့ တည်ရှိမှုကြောင့် သူရင်တွေ တလှပ်လှပ်ခုန်နေသည်

သူမှာသာ အရည်အချင်းကောင်းတွေရှိရင် သူမက သူ့ကို ဒီလို‌ပြောပြလို့ရနိုင်သည်
'ရှင်, လုပ်ဖော်ကိုင်ဖက်တွေလုပ်ကြတာပေါ့'
* * *

"အဲ့မျက်နှာက ဘာဖြစ်နေတာလဲ"

“……..”

အပြင်ထွက်ပြီး ဘလိုင်းဒိတ်က ရုပ်ချော အရပ်က၁၈၀ cm ရှိတဲ့ယောက်ျားတစ်ယောက်ဖြစ်ရမယ်လို့တွေးထားပြီး ဒါပေမဲ့ တွေ့လိုက်တဲ့အခါကျမှ သူရဲ့ဇနီးကို ခန္ဓာကိုယ်ဖက်လုံးလုပ်ပြီး ကိုင်ထားတဲ့ fanboyတစ်ယောက်ဖြစ်နေရင်မင်းဘယ်လိုခံစားရလဲ

မဟုတ်ဘူး ဒီဟာက အဲ့တာထက်ပိုပြီး စိတ်ဒုက္ခရောက်ရတယ်

သူမအရှေ့မှာ မတ်တပ်ရပ်နေတာက ခွန်းပင်
“ရှင် ဒီမှာကို ဘာလာလုပ်တာလဲ”

"ငါက စစ်‌သည်တွေအတွက် ဆေးပင် စုဆောင်းဖို့လာတာ ငါက အထက်တန်းလွှာလေဒီတစ်ယောက်ကို အပိုဆုအနေနဲ့ ဂိုက်လုပ်ပေးရအုမ်းမယ်"

စစ်ပွဲတွေကို အချိန်ကြာကြာတိုက်ခိုက်လာတဲ့ လူတစ်ယောက်က ခွန်းဆိုတဲ့ အချက်ကို အထင်သေးသလိုဖြစ်မိခဲ့သည်

ဒါအပြင် သူက ဆေးဝါးစုဆောင်းသူ ပြီးတော့ မိတ်ကပ်ဂုရု

'ဒီအချက်အလက်တွေက သေချာပေါက် ခွန်းကိုရည်ညွှန်းနေတယ်ဆိုပေမဲ့ ငါက ရောင့်ရဲနေမိတာပဲ'

ခွန်းကခေါင်းညိမ့်ရင်း
"မင်း ငါ့နောက်လျှောက်လိုက်မှာထက် အဲ့မှာ ဘာလုပ်စရာရှိတာလဲ ဒီတောအုပ်က အန္တရာယ်များတယ် ဒါကြောင့်နေမ၀င်ခင်ပြန်ရမယ်"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now