အပိုင်း(၃၃)

894 109 0
                                    

သူမနှင့် ကားလစ်ရှိရာသို့ အက်စတယ်လာလျှောက်လာခဲ့ပြီး ဂါ၀န်အစွန်းစကို မကာ ကားလစ်ကို နှုတ်ဆက်လေသည်
"ကျွန်မ တောင်းပန်ပါတယ် အရှင့်သား ရှင့်ရောက်နေတာကို အခုမှသတိထားမိတယ်"

အက်စတယ်လာပုံစံက လုံး၀ကိုရှုပ်ပွနေသည် ရှုပ်ပွနေသည့်ဆံပင် မျက်နှာနှင့် အေပရွန်ကလဲ သွေးတွေစွန်းနေပြီး ကုသပေးထားတဲ့လူနာတွေဆီက အစွန်းတွေပေနေသည် ဒါတောင်မှ သူမက တခြားလေဒီတွေထက် ပိုပြီးတောက်ပနေလေသည်
ကားလစ်မှာ မျက်တောင်မခတ်နိုင်ပဲ အက်စတယ်လာကိုကြည့်နေလေသည် အသိတရားတွေ ရလာသလို သူ့ပါးစပ်ကို ဖွင့်ထားမိလေသည်
"ဟမ့် သာမန်လူတန်းစားတွေဆီကနေ ဒီလိုယဉ်ကျေးတာမျိုး ငါဘယ်တုန်းကမှမမျှော်လင့်ထားမိဘူး ဒါကြောင့် မင်းလုပ်စရာမလို..."

'မဟုတ်ဘူးလေ ဒီခွေးကောင်ကတော့ ငါမနေ့ကမှသင်ပေးထားတာတွေကို အခုကထဲကမေ့နေပြီ'

"အဟွတ် အဟွတ်"
သူမ အားပါပါနဲ့ ချောင်းဟန့်လိုက်ပြီး ကားလစ်ကို စကားဆက်မပြောအောင် ရပ်တန့်လိုက်လေသည်
သူမခေါင်းကို အက်စတယ်လာဆီမှ လှည့်လာလိုက်ပြီး ကားလစ်ကို သတိပေးလိုက်သည်

'အဓိပ္ပာယ်မရှိတာတွေကို ရပ်လိုက်တော့ ကောင်းတာတခုခုပြောစမ်းပါ'
သူမရဲ့မထီမဲ့မြင်ပြုတဲ့အကြည့်ကို မြင်သောအခါမှ သူဘာလုပ်လိုက်မိပြီဆိုတာကို ကားလစ်သဘောပေါက်လေသည်
သူက အလျင်လိုသည့်အကြည့်ဖြင့် ပြောသည် “အိုး"
"မင်းစိုးရိမ်စရာမလိုပါဘူး ငါ မင်းကိုအနှောင့်အယှက်မဖြစ်ဖို့ရည်ရွယ်ပြီး တိတ်တိတ်ကလေးလာခဲ့တာ"

အက်စတယ်လာရဲ့ မျက်လုံးတွေ ပြူးလာခဲ့သည် ကားလစ်က ပုံမှန်ဆိုရင် အက်စတယ်လာအကြောင်း အပြစ်တစုံတစ်ရာ ရှာနေတတ်ပြီး အခုတော့ အဲ့လိုမလုပ်ခဲ့ပေ
အက်စတယ်လာက ထူးဆန်းနေတဲ့ကားလစ်ကိုကြည့်ရင်း မေးလာခဲ့သည်
"ဒါဆို ဒီကို‌ ဘာလာလုပ်တာလဲ"

"ငါအဖေက ဒီနေရာကို ချီးမြောက်လိုက်တယ် ပိုက်ဆံမတတ်နိုင်လို့ သင့်တင့်တဲ့ ကုသမှုမျိုးတောင် မလုပ်နိုင်တဲ့ အနိမ့်ဆုံးအဆင့်ပြည်သူအများအပြားကို ဒီနေရာက ကယ်တင်ခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ပေါ့ ဒီနေရာ ဘယ်လိုလည်ပတ်နေတယ်ဆိုတာကို မယုံနိုင်လို့ ကိုယ်တိုင်လာကြည့်ရတာ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now