အပိုင်း(၁၇)

1K 137 2
                                    

ပါနေးရား ဆေးရုံစင်တာအား လာခဲ့သည့်တစ်ပတ်ကျော်အတွင်း အက်စတယ်လာနှင့် သူမ ပို၍ရင်းနှီးလာခဲ့သည်
အဆောက်အအုံခေါင်းမိုးထပ်မှာ မုန့်အတူတူ စားသည့်အထိ ရင်းနှီးလာခဲ့သည်

"မစ်နေးရား ရှင် အစားမစားနိုင်လောက်အောင်ကို အလုပ်ရှုပ်နေတာမလား တူတူစားရအောင်လေ"
ပါနေးရား နာမည်ပြောင်အား သဘာ၀ကျကျခေါ်နေသည့် အက်စတယ်လာက ပြုံးရင်း ပေါင်မုန့်တစ်ပိုင်းပေးလေသည်
ထိုပေါင်မုန့်က လွန်ခဲ့‌သောရက်အနည်းငယ်တုန်းက ကုသမှုလာခံယူတဲ့အမျိုးသမီးလုပ်ထားသော ပေါင်မုန့်ပင် သူမရဲ့ ကျေးဇူးတင်မှုကို ပြတဲ့အနေနဲ့ သူမကိုပေးချင်တာကြောင့်ပေ

အကြည့်တချက်နဲ့တင် ပေါင်မုန့်က ကြမ်းပြီး မာနေပုံပေါ်သည်

ပြီးတော့ အရသာကလဲ ပုံစံနှင့်တထပ်ထဲပင် ကျောက်တုံးအခဲကို ဝါးနေသလိုနှင့်တူလေသည်

'ဒါပေမဲ့ အရသာရှိနေဆဲပဲ တနေ့လုံးနီးပါး လှုပ်ရှားတာကြောင့် ငါခြေကုန်လက်ပန်းကျနေပြီ'
"ချွေးထွက်ပြီးမှ ပေါင်မုန့်စားရတာက အကောင်းဆုံးပဲ" သူမအသက်ရှုရင်း ရေရွှတ်လိုက်ပြီး မျက်လုံးများက အက်စတယ်လာနှင့်သွား‌ဆုံလေသည်

'ဟေး မစ်အမျိုးသမီးဇာတ်လိုက် ရှင် ကျွန်မကို  အခုလိုမျက်လုံးကြီးကြီးတောက်တောက်ပပနဲ့ ကြည့်နေတာ ကျွန်မ ပျာယာခတ်လာပြီ'
သူမချောင်းဟန့်လိုက်သည် မျက်နှာက အနည်းငယ်နီရင်းပင်

"ကျွန်မခန့်မှန်းမိတယ် ကျွန်မမှာ အထက်တန်းလွှာလေဒီတယောက်အနေနဲ့ သင့်လျော်တဲ့ ဂုဏ်သိက္ခာမရှိဘူးဆိုတာပဲ ရှိမယ်ထင်လား? ကျွန်မက ပေါင်မုန့်ကိုစွဲလန်းနေတဲ့ အမျိုးသမီးတယောက်ပဲ ကျွန်မ ရပ်တန့်မှာ...."
"အဲ့လိုမဟုတ်ပါဘူး ကျွန်မအထင်မှာတော့ ရှင်က amazingပဲ"

ပါနေးရားမျက်လုံးတွေ မထင်မှတ်ထားသောချီးကျူးစကားကြောင့် ကျယ်ကျယ်ပွင့်သွားခဲ့သည်

ပါနေးရားဖြစ်လာကထဲက သူမက အံဩစရာကောင်းတယ်လို့ တစုံတယောက်ကပြောတာ ဒါပထမဆုံးပင် လူတွေပြောကြတဲ့ သူမဘယ်လောက်ကြမ်းတမ်းကြောင်း သူမစိတ်က ဘယ်လိုကြောင်တောင်တောင်ဖြစ်နေကြောင်း သူမဘယ်လောက်ထူးဆန်းလာကြောင်းတွေသာ သူမ ကြားခဲ့ရသည်
အက်စတယ်လာ ပါနေးရားလက်ထဲက ပေါင်မုန့်အပိုင်းအစလေးကိုကြည့်ပြီး ရှင်းပြလာခဲ့သည် "အထက်တန်းလွှာအများစုက အခုလို ပေါင်မုန့်အမျိုးအစားမျိုး စားနေရင်း အခုလို ပျော်ရွှင်နေတာကို မပြတတ်ကြဘူး"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now