အပိုင်း(၆၄)

500 84 4
                                    

'လုရှန်ရဲ့အာဏာကြောင့် မထိခိုက်မဲ့လူတစ်ယောက်ကိုရှာရမယ် ပြီးတော့ မြို့တော်ကိုသွားဖို့ ရထားလုံးကို ငှားပေးနိုင်ရမယ်'

ဒါပေမဲ့ ဒီနေရာက တယောက်ယောက်ကိုမှ သူမမသိပေ ဒီလိုခက်ခဲတဲ့တောင်းဆိုမှုမျိုးလုပ်ပေးနိုင်တဲ့ တစ်ယောက်ယောက်ရှိရင်

'မဟုတ်ဘူး တစ်ယောက်တော့ရှိတယ်'
* * *

စံအိမ်ဘေးပတ်ပတ်လည် နံရံပေါ်၌ အပေါက်သေးသေးလေးကနေ သူမမျက်နှာကို ထုတ်လိုက်သည်
'နောက်ဆုံးတော့ လွတ်ပြီပဲ'

အရင်ကနဲ့မတူပဲ မှူးမတ်အယ်လိစီယာက သူမကို အပြင် တယောက်ထဲအပြင်ထွက်မှာကို တားမြစ်တယ်လို့ပြောလာတာကြောင့် အပြင်ထွက်ဖို့မလွယ်ကူပေ

မှုးမတ် အယ်လိစီယာရဲ့သမီးနှစ်ယောက်ကျေးဇူးကြောင့် စံအိမ်ကနေ ခိုးထွက်နိုင်ခဲ့သည်
[ရှင် အရင်ကလဲ အပြင်ထွက်ဖူးတာပဲ ဒါပေမဲ့ အမေက ဘာကြောင့်ဒီလိုပြောရတာလဲ]

[ဟုတ်တယ် သူမက အရမ်းကာကွယ်လွန်းနေတာ]

သမီးနှစ်ယောက်က သူတို့အပြင်ခိုးထွက်နေချင်ရင် သုံးနေကြ လျို့ဝှက်လမ်းကြောင်းကို သူမအားပြောပြလေသည် ထိုအရာကြောင့် သူမစံအိမ်ကနေထွက်နိုင်ခဲ့သည်

သူမဂါ၀န်မှာပေနေတဲ့ အညစ်အကြေးတွေကို ခါချလိုက်ပြီး သူမလမ်းလျှောက်လိုက်သည် သစ်ပင်ကြီးတစ်ခုကိုရောက်တဲ့အခါ မြင်ဖူးနေကြမျက်နှာတစ်ခုကိုတွေ့လိုက်သည်

ခွန်းက သူမကို လက်ဝှေ့ယမ်းပြနေသည်

“မ‌ေတွ့ရတာအ‌ေတာ်ကြာပြီပဲ"

“ဟုတ်တယ် ရှင်နေရောကောင်းရဲ့လား”

“သက်သာလာပါပြီ”

ခွန်းက အဖျားမကျခင် စံအိမ်ကထွက်သွားခဲ့သည် ပြည့်ပြည့်၀၀နေမကောင်းသေးပဲနဲ့ သူဘာကြောင့်ထွက်သွားတာလဲဆိုပြီး သူမမေးတော့ မှူးမတ်ကတော်အယ်လိစီယာက မျက်နှာပေါ်မှာ အပြုံးလေးနှင့်ဖြေလေသည်
[အရှင်ခွန်းက ဒဏ်ရာနဲ့စစ်သည်တွေ သူကိုစောင့်နေမှာဆိုးပြီး စိတ်ပူတာကြောင့်ပါ အရှင်ခွန်းက ဒီမှာအကောင်းဆုံးဆရာ၀န်လေ]

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးNơi câu chuyện tồn tại. Hãy khám phá bây giờ