အပိုင်း(၃၄)

826 109 0
                                    

“······!”

“······!”

“······!”

သူမအသံကိုကြားပြီးနောက် ဂန်းစတား1,2နဲ့ 3တို့ အသီးသီး အေးခဲသွားကြသည် မျက်တောင်ခက်ပြီး ရှေ့သို့ထွက်လာတဲ့အက်စတယ်လာကို ငေးကြည်နေတော့သည်
မကြာခင်မှာပဲ ဂန်းစတား1,2,3တို့ရဲ့မျက်နှာမှာ အပြုံးကြီးတွေပေါ်လာတော့သည်

"အိုး ကောင်းလိုက်တာ မင်းက သူတော်စင်မလား"

"ဝိုး အတော်ကိုကြာခဲ့ပြီပဲ"

"မင်းက ပန်းမြက်စံအိမ်မှာပဲ အမြဲ‌နေနေတာလေ ဒီကိုဘာလာလုပ်တာလဲ"
အက်စတယ်လာက ပြုံးစိစိနှင့်ဖြေလိုက်လေသည်

"ကျွန်မအသိတယောက်ကို ဒီမြို့ထဲ လိုက်ပြနေတာ"
ထိုအခါမှာတော့ ဂန်းစတားသုံးယောက်ရဲ့မျက်နှာမှာ စာရွက်တစ်ရွက်လို ဖြူစုတ်သွားတော့သည်
အက်စတယ်လာက အပြစ်ကင်းသော မျက်နှာဖြင့် ခပ်တောင့်တောင့်ဖြစ်နေသော သူတို့ကို မေးသည်

"ဒါ‌နဲ့ ရှင်တို့သုံးယောက် အခုလေးတင် သူ့ဆီကနေ လုယက်ဖို့ကြိုးစားနေကြတာမလား ရှင်တို့သုံးယောက် ကျွန်မကို ပန်းမြက်စံအိမ်ကနေထွက်ခွာတာနဲ့ အပြစ်ရှိတာတွေထပ်မလုပ်တော့ပဲ ရိုးသားတဲ့ဘ၀တစ်ခုကိုဖြတ်သန်းတော့မယ်လို့ ကတိပေးခဲ့ကြတာလေ"
ဂန်းစတား1,2နဲ့ 3တို့က သူတို့ခေါင်းများပင် ပြုတ်ကျတော့မယောင် ပြင်းစွာခါပြကြလေသည်

"‌သေ သေချာပေါက် မဟုတ်ဘူးပေါ့ ကျွန်တော် မင်းမိတ်ဆက်ပေးခဲ့တဲ့နေရာမှာအလုပ်ကို အရမ်းကြိုးစားပြီးလုပ်ပါတယ် အခုတောင် အလုပ်ကနေ အိမ်ပြန်မလို့ပါ"

"ကျွန်တော်က သူ့ကို‌နည်းနည်းလောက်ခြောက်ဖို့ ကြိုးစားမိတာပါ ကျွန်တော်ထင်လိုက်တာ သူက ဒီနေရာကိုမကောင်းပြောဖို့်လာတဲ့ အထက်တန်းလွှာတစ်ယောက်လို့ထင်ပြီး လုပ်မိတာပါ"

"ဟုတ်ပါတယ်"
ဂန်းစတား 1,2,နှင့်3တို့က အက်စတယ်လာကိုကြည့်ပြီး ပြာယာခတ်နေကြသည် အက်စတယ်လာကလဲ သူတို့ကို တိတ်ဆိတ်စွာကြည့်နေတော့သည် လူရမ်းကားသုံးယောက်က သူတို့ကိုယုံပေးဖို့ သူမကိုတောင်းပန်နေသလို သူတို့လက်တွေကို ဆုတ်ကိုင်ထားကာ သူမကိုကြည့်နေကြသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now