အပိုင်း(၄၇)

786 96 4
                                    

ရိုက်ချက်ကောင်းတစ်ခုပင် မဟုတ်ခဲ့ပေ

သူမပြန်လည်မချေပခင် သူမဘေးမှအမျိုးသမီးတွေက မတ်တပ်ရပ်လာကြသည်
"လေဒီအီရစ်ကာ အရှင်ကာဒီယမ်က အရမ်းကိုသိမ်မွေ့တဲ့လူတယောက်ပါ ရှင်သာ သူနဲ့စကားပြောကြည့်လိုက်ရင် သူက လူအနိမ့်တန်းစားကလာတယ်လို့ ဘယ်တော့မှမခံစားစေရဘူး"

"ပြီးတော့လဲ သူက လူအနိမ့်တန်းစားကနေလာတယ်ဆိုတော့ကော ဘာဖြစ်လဲ ဒါက ‌အရှင်ကာဒီယမ်ကို ပိုပြီးလေးစားသင့်တယ် သူဒီလိုနေရာကိုရောက်လာတယ်ဆိုတာက သူ့အရည်အချင်းသီးသန့်ကြောင့်ပဲ"
ပထမဆုံး တိုက်ခိုက်မှုကို စတင်ပြီးနောက် အီရစ်ကာ သည် မျက်ခုံးကို ရှုံ့ပြလိုက်သည်

'ဘယ်လိုနေလဲ'

သူမရဲ့တိုက်ခိုက်မှုကို ဆက်လုပ်လိုက်သည်
"ရှင် ပြောခဲ့သလားလို့ လေဒီအီရစ်ကာက သူမရဲ့သတို့သားလောင်းနဲ့ ဆက်ဆံရေးက အရမ်းကောင်းလို့လေ အရှင်ဂါသီယမ် လေဒီရဲ့သတို့သားလောင်းက သမိုင်းကြောင်းအရ ဂုဏ်သိက္ခာရှိသော မိသားစုက ပေါက်ဖွားလာတာပဲ"

"ဒါပေါ့ အထက်လွှာတွေကို အနားလည်ဆုံးက အထက်တန်းလွှာတွေပဲလေ"
အီရစ်ကာက က သူမကို အမှတ်ရစေချင်သလို ပြန်ဖြေလိုက်သည်

မကြာသေးမီက အီရစ်ကာ အဆင့်အတန်းမြင့်တဲ့ အရှင်ဂါသီယမ်နဲ့စေ့စပ်လိုက်တာကြောင့် သူမအခုလိုသတ္တိရှိရဲနေတာပင် ဒီလိုမြင့်မြတ်တဲ့လူတစ်ယောက်နဲ့ စေ့စပ်ထားရတာကို သူမကျေနပ်နေပေမဲ့ ဘယ်လောက်ကြာကြာ ပြုံးနိုင်မှာလဲ?

သူမ အပြုံးကြီးကြီးတစ်ခုဖန်တီးကာပြောလိုက်သည်
"ကျွန်မသိပြီ ဒါဆို အရှင်ဂါသီယမ် ကြာသေးမီက အိမ်ဖော်နှင့် လျှို့ဝှက်တွေ့ဆုံနေတာကို ရှင်က နှလုံးသားကြီးကြီးနဲ့ နားလည်ပေးထားတာပဲ အထက်တန်းလွှာတွေကို အနားလည်ဆုံးက အထက်တန်းလွှာတွေပဲလေ"

အရှင်ဂါသီယမ်က ဂုဏ်သတင်းကြီးသောမိသားစုမှဖြစ်သော်လည်း ကလူကျီဆယ်တဲ့နေရာမှာ လူသိများသောလူတစ်ယောက်ဖြစ်သည် သူမှာ စေ့စပ်ထားသူရှိရင်တောင်မှ သူကတခြားမိန်းမ‌တယောက်နဲ့တွေ့နေအုမ်းမှာပင် တခြားစကားနှင့်ပြောရရင် သူက အသုံးမ၀င်တဲ့ မျက်စိပဒေသရှိစေတဲ့ သကြားလုံးသာသာဖြစ်သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now