အပိုင်း(၄၈)

774 102 0
                                    

ဧကရီဘွားတော်က သံလွင်ပင်လေးကို တင်းတင်းကြပ်ကြပ်ကိုင်ရင်း ပြောလိုက်သည်
"တွေးကြည့်လိုက်ရင် ငါမင်းနဲ့တခါမှ စကားအေးအေးဆေးဆေးမပြော‌ဖြစ်သေးဘူးပဲ မင်းလဲ ဒီရောက်နေပြီဆိုမှတော့ လက်ဖက်ရည်တစ်ခွက်လောက်သောက်သွားပါအုမ်း"

"အဆင်ပြေပါမလား"

"မင်းက ဧကရာဇ်အတွက် တန်ဖိုးရှိပြီး အရေးပါတဲ့လူတစ်ယောက်မဟုတ်ဘူးလား မင်းနဲ့ထိုက်ထန်ပါတယ်"

"ဒါဆို လေဒီပါနေးရားကိုပါ ‌ကျွန်တော်ခေါ်လာပြီး ကျွန်တော်တို့နဲ့ စကားပြောခွင့်ရှိမလား"

သူမနာမည် လုရှန်ပါးစပ်ထဲကထွက်လာတာကြားလိုက်ရတော့ ဧကရီဘွားတော်မျက်နှာမှာ ခက်ထန်သွားသည် ရှင်းရှင်းလင်းလင်းပဲ ထိုနာမည်ကြားလိုက်ရတာက တခဏကဖြစ်ခဲ့တဲ့ ကိစ္စကို သတိပေးလိုက်သလိုဖြစ်သွားသည်

လုရှန်က မျက်ခုံးတွေကိုနှိမ့်ချရင်း သူ့ကိုအဖြေပြန်မပေးသေးတဲ့ဧကရီဘွားတော်ကို ပြောလိုက်သည်
"အခု ကျွန်တော်တို့သုံးယောက်ဆုံပြီပဲ ဧကရီဘွားတော်နဲ့ ကျွန်တော်တို့နှစ်ယောက်ကြားက ပြဿနာကိုဖြေရှင်းချင်ပါတယ် အဲ့တာက အရှင့်မကို အဆင်မပြေဖြစ်နေတာလား"

“·······!”

လုရှန်ရဲ့ သေလောက်အောင်တောက်ပနေတဲ့မျက်လုံးအစုံနှင့် မျက်နှာချင်းဆိုင်လိုက်သောအခါ ဧကရီဘွားတော်မှာ မငြင်းနိုင်ပဲ ခေါင်းညိမ့်လိုက်ရတော့သည် ဧကရီဘွားတော်က မျက်လုံးတွေကိုကျယ်ကျယ်ဖွင့်ရင်း ပြောလိုက်သည်
"မင်းလုပ်နိုင်ပါတယ် လေဒီပါနေးရား အဲ့နေရာမှာဘာလုပ်နေသေးတာလဲ"

ဧကရီဘွားတော်၏ စွဲဆောင်မှုအပြည့်နှင့်ဖိတ်ခေါ်သံကို ကြားလိုက်ရသောအခါ သူမ လုရှန်တို့ရှိရာဆီသို့သွားလိုက်သည် သူမ လုရှန်ဘေးမှာထိုင်လိုက်ရင်း သူနှင့်အကြည့်ချင်းဆုံသွားသည် လုရှန်က မျက်လုံးတွေကိုညင်သာစွာကွေးပြီး ပြုံးပြနေသည်

'ကိုယ် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်မလား'

သူက ကမ္ဘာကြီးအကြောင်းဘာမှမသိတဲ့ နူးညံညင်သာသူလေးဟု သူမထင်ခဲ့မိသည် သူရဲ့ရုပ်ရည်ကိုအခုလို အသုံးချတဲ့အရည်အချင်းရှိတယ်ဆိုတာ သူမမသိခဲ့ပေ

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးOpowieści tętniące życiem. Odkryj je teraz