အပိုင်း(၃၇)

839 116 3
                                    

ထိုချောကလတ်တွေက အခုသုံးဆယ်သာထုတ်တာပြီး ချောကလတ်ချစ်သူတွေအကြား သွေးထွက်သံယို ရန်ပွဲများပင်ဖြစ်သွားသေးသည် ပြီးတော့ သူမက မှော်ဆန်ဆန်ချောကလက်အတွက် အပြင်းအထန်တဲ့တိုက်ပွဲမှာ ကျရှုံးခဲ့လေသည်

'ငါက သုံးဆယ်စက္ကန့်လေးပဲ နောက်ကျတာပါ ပြီးတော့ ငါအရှေ့ကလူက နောက်ဆုံးတစ်ခုကို ရသွားတယ် ငါမှာတော့ ချောကလက်လေးပျောက်ကွယ်သွားတာကိုပဲ မျက်ရည်ဝဲပြီးကြည့်နေခဲ့ရတယ်'

ကားလစ်လက်ထဲက ချောကလက်ကို တုန်ရီနေသောလက်တွေနှင့်ယူလိုက်သည်
"ဒီလောက်တန်ဖိုးကြီးတဲ့အရာကို ရှင်ဘယ်လိုရခဲ့တာလဲ"

ကားလစ်တစ်ယောက် ပါးစပ်အစွန်းဖက်ကို မြှင့်လိုက်သည်
"ငါက အိမ်ရှေ့စံမင်းသားဆိုတာကို မင်းမေ့နေတာလား ဒီကမ္ဘာပေါ်မှာ ငါမရနိုင်တာ ဘာမှမရှိဘူး"
အဲ့ဒါစကားတွေက  သူ့ဆီမှ မကြားရတာ ကြာပြီ ဖြစ်သော အရာတွေဖြစ်ပေမဲ့ အဲဒီစကားတွေက သိပ်ချစ်ဖို့ကောင်းနေတာကို သူမသိလိုက်ရသည်

အိမ်ရှေ့စံမင်းသားက အကောင်းဆုံးပဲ

အာဏာကအကောင်းဆုံးပဲ

သူမ အဖုံးကို ဂရုတစိုက်ဖွင့်လိုက်သည်
ဖန်သေတ္တာလေးထဲ၌ လုံး၀န်းသော ချောကလက်၁၀ခုပါ၀င်လေသည် ချောကလက်တစ်ခုစီတိုင်းအပေါ်မှာလဲ မတူညီသောပုံစံတွေရှိလေသည်
သူတို့က ချောကလက်ပုံစံမပေါက်ပဲ လက်ရာမြောက်တဲ့ အနုပညာလက်ရာတစ်ခုလို ပုံစံဖြစ်နေသည်

'ဒါပေမဲ့ Caanaချောကလတ်ရဲ့ တကယ့်ဆွဲဆောင်မှုက သူရဲ့ပုံပန်းသက္ဍာန်မဟုတ်ဘူး'

၀မ်းမြောက်နေသောမျက်နှာနှင့်ချောကလက်တစ်ခုကို သူမရဲ့ပါးစပ်ထဲ  ထည့်လိုက်သည် ထိုအခိုက်အတန့်မှာတော့ သူမပါးစပ်ထဲ၌ ချောကလက်ရဲ့ ခါးသက်သော အရသာကိုခံစားလိုက်ရသည်
'အိုး တအားကောင်းတာပဲ'

Cocoaအမှုန့်နဲ့ layerတစ်ခုက ကျွတ်ဆက်သလိုဖြစ်နေပြီး အထဲက ချောကလက်အဖြူမှာ နူးညံ့ပြီးအရသာရှိလေသည် တခြားအရာတွေထက် ပိုပြီးချိုလေသည် ချိုလွန်းလို့ လျှာကိုတောင် ထုံသွားစေသည်

'ရက်စ် ဒါကမှ Caana ချောကလက်အစစ်အမှန်ပဲ'

ခံစားချက်တွေပြည့်နေသောမျက်နှာနှင့် ဝါးနေသော သူမကိုကြည့်ကာ ကားလစ် ပြုံးလိုက်လေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now