အပိုင်း(၆၃)

477 91 2
                                    

အသက်ကို ပြင်းးစွာရှူရင်း သူမမျက်လုံးကို လှည့်ပြလိုက်သည်
"ရှင်က လုရှန်ကို မကောင်းပြောဖို့ဆို ဘယ်တော့မှ မပျက်ကွက်ဘူး အချိန်မှာတောင်..."

သူမစကားဆက်မပြောနိုင်တော့ပေ ခွန်းတစ်ကိုက်လုံးက အနီရောင်ရေညှိတွေနှင့် ဖုံးကွယ်လာတာကြောင့်ဖြစ်သည် သူအပေါ်မှာရှိတဲ့ နှင်းဆီတွေရဲ့ အနံ့ပြင်းမှုကြောင့် ဖြစ်ရတာပင်

"အ အဆင်ပြေ‌ရဲ့လား"

“ငါအဆင်‌မပြေဘူး"

"အစောတုန်းက ရှင်ပဲ အဲ့ဟာကို ခံနိုင်ရည်ရှိတာကြောင့် အဆင်ပြေတယ်လို့ပြောခဲ့တယ်လေ"

သူကပြန်ဖြေလေသည်
"ငါက တခြားသာမန်လူတွေထက် ပိုပြီး ကောင်းကောင်းခံနိုင်တာပဲရှိတာ ငါတို့ပြောနေတာ ဒီအဆိပ်ပဲ ငါ့အသားအရည်ပေါ်က ဒီအဖုကို မြင်တယ်မလား"

အနီရောင်ရေညှိတွေဖုံးလာတဲ့ အသားအရည်‌က ပုတ်လာသလို မဲလာလေသည် ဒီလိုအရာမျိုးကို လျစ်လျူရှူတတ်တဲ့ သူမအတွက် ဒီမြင်ကွင်းက အကျွမ်းတ၀င်မရှိပေ

"ငြိမ်ငြိမ်နေ ကျွန်မ အဲ့တာတွေကို သုတ်ပေးမယ်"

ခွန်းက သူမအထိကိုရှောင်လိုက်ပြီး
"ငါ့ကိုမထိနဲ့ ခုခံ‌အားကို အလကားတည်ဆောက်ထားတာမဟုတ်ဘူး"

ခွန်းက ရေညှိကို သူ့လက်နှင့်ခါချရင်း
"ငါအနားနီးအောင် မနေနဲ့ မင်းပေါ် ရေညှိကပ်သွားရင် စိတ်ရှုပ်စရာထပ်ဖြစ်လိမ့်မယ်"

“ဒါပေမဲ့…”

"မင်းရင်ထဲထိသွားရင် စိတ်ပူနေတာတွေကို ဘေးချပြီး ငါနဲ့ ဒိတ်တစ်ခုသွားရအောင် ဒါက ငါမျှော်လင့်နေတဲ့အရာလေ"

ထိုမုန်းတီးစရာစကားတွေကို စနောက်သလိုပြောနေပေမဲ့ ဒီအခြေအနေက ‌စနောက်စရာကိစ္စမဟုတ်ပေ ခွန်းမျက်နှာက အရင်ကထက်ပိုပြီး ဖြူဖျော့လာသည် ခွန်းက စကားကို အဆုံးမသတ်ပဲဆက်ပြောနေလေသည်

တည်ငြိမ်စွာနေဖို့ ကြိုးစားနေသလို သူအဆင်ပြေကြောင်း အခိုင်အမာပြောပြီး သူမကိုနှစ်သိမ့်ဖို့ကြိုးစားနေသလို
စကားဆက်ပြောရင်း သူမအကူအညီကို ဆက်ပြီး ငြင်းဆိုနေလေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now