အပိုင်း(၈)

1.5K 192 3
                                    

"မစ် အက်စတယ်လာ"
လုရှန် လှမ်းခေါ်နေခဲ့သည် ဒါပေမဲ့ အက်စတယ်လာ မျက်နှာက တည်ငြိမ်နေခဲ့သည်

"လွှတ်လိုက်"

လုရှန်မျက်နှာမှာ ဖျစ်ညစ်ခံထားရပုံပေါက်နေသည်

သူနှုတ်ခမ်းတွေကိုကိုက်လိုက်ပြီး အက်စတယ်လာကို ခံစားချက်တွေပြေးလွှားနေတဲ့မျက်နှာနှင့် လှမ်းကြည့်နေခဲ့ပြီး သူလက်ကို ကားလစ်ဆီမှ လွှတ်ချလိုက်သည်

သူမမျက်လုံးတွေ အံဩမှုကြောင့် ပြူးကျယ်သွားတော့သည်

'မဖြစ်နိုင်ဘူး'
'တယောက်လောက် မဟုတ်ဘူးလို့ပြောပေးကြပါ'
'ဘယ်လိုဖြစ်ပြီး အခုလို အဆုံးသတ်သွားရတာလဲ'

ဒါပေမဲ့ ၀မ်းနည်းစွာနှင့် ရက်စက်စရာကောင်းတဲ့ အဆုံးသတ်ဖြစ်နေခဲ့သည်

သူမလက်ကိုဆွဲထားတဲ့ ကားလစ်‌နောက်ကို လိုက်သွားရင်း အက်စတယ်လာ ကြောက်ရွံသောအမူအရာနှင့် ကပွဲခန်းမကနေ ထွက်ခွာသွားတော့သည်

အက်စတယ်လာနှင့် လုရှန်ရပ်နေခဲ့သောနေရာ၌ လုရှန်တယောက်ထဲသာ ငေးငိုင်နေသောပုံစံနှင့် အထီးကျန်စွာ မတ်တပ်ရပ်နေခဲ့တော့သည်

ထိုနေရာက ဒုတိယဇာတ်လိုက်အတွက် စီစဉ်ထားသလိုပင်

'မဖြစ်နိုင်ဘူး'

‌တိတ်ဆိတ်နေသော ဟောခန်းမအလယ် သူမ သွားတွေကိုကြိတ်နေမိခဲ့သည်

'ဒီလို အဆုံးသတ်မခံနိုင်ဘူး'

သူတို့နှစ်ယောက်နောက်ကို သူမလှည့်ပြီး လိုက်သွားလိုက်သည်

လုရှန်က အက်စတယ်လာနှင့် ကဖို့ မျှော်လင့်နေခဲ့တာ ဒါကြောင့် သူမကို ထွက်မသွားဖို့ သွားပြောင့်သင့်လား
အက်စတယ်လာက လုရှန်ကို ဂရုစိုက်တာကြောင့်ပင်

'သူ့မျက်နှာက ငါကိုသဘောကျတယ်လို့ ဖော်ပြနေတာပဲ'
သူမဆိုလိုတာက ရှင်းလင်းပါတယ်

"တော်၀င်အရှင်အိမ်ရှေ့စံမင်းသားက ဘယ်သူမှ လိုက်မလာဖို့ အမိန့်ပေးခဲ့တယ်"

ကားလစ်ရဲ့အစောင့်တွေက အနည်းငယ်တောင်မရွေ့ပေ သူမရှေ့ကို အနည်းငယ်ပင် ‌လှုပ်ရှားလို့မရပေ

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now