အပိုင်း(၅၉)

548 108 2
                                    

"ငါ လုရှန်ကို ဘယ်လောက်အထိ ဂရုစိုက်သလဲဆိုတာကို ဘယ်သူမှသိကြမှာမဟုတ်ဘူး မူလဗီဇကိုတောင် မသိရတဲ့ သာမန်လူတန်းစားကလေးငယ်‌တစ်ယောက်ကို စစ်တပ်ရဲ့ ခေါင်းဆောင်အဖြစ်ရွေးချယ်ပြီး စစ်မြေပြင်ကိုပို့ခဲ့တယ် ငါ့ရဲ့လူတစ်ယောက်အနေနဲ့ သူ့ကိုမှတ်ယူ ထားတာမလို့ ဖိအားပေးရမဲ့အရာတွေကို ငါမလုပ်ခဲ့ဘူး ဒါပေမဲ့ သူကတော့ ငါ သူ့ကို အမှန်တကယ်လိုအပ်နေချိန်မှာ သစ္စာဖောက်သွားတယ်"

ဧကရာဇ်ရဲ့ မြင်သာတဲ့ ဒေါသက သူမတစ်ကိုယ်လုံးကို အေးစက်သွားစေသည် သူမတစ်ကိုယ်လုံးသတိလစ်ပြီး တုန်ရီနေတော့သည် ဧကရာဇ်ရဲ့ဒေါသက သူမတိတ်တိတ်နေတာတောင်မှ ပျောက်ကွယ်မသွားပေ ဧကရာဇ်ရဲ့ရက်စက်သောမျက်လုံးတွေက သူမကိုကြည့်လာသည်
"မင်း လုရှန်ကို မေးဖူးလား အရှင်က သူ့ကိုအလိုအပ်ဆုံးဖြစ်နေချိန်မှာ သူဘာကြောင့် သူရဲ့အရှင်ပေးတဲ့အမိန့်ကို မနာခံရသလဲ? သူဘာပြောလဲ"

“……”

သူမ မဖြေနိုင်ပေ

ဒေါသတွေအတော်ဖြာထွက်နေတဲ့ ဧကရာဇ်ကို လုရှန် ဘာကြောင့်ဆန့်ကျင်ရသလဲ

ထိုအတွေးကြောင့် သူမခေါင်းကိုခါလိုက်သည်
'သူ့မှာ အကြောင်းပြချက်တစ်ခုတော့ရှိရမယ်'

ဒါပေမဲ့ ပုံမှန်လိုဆိုရင် လုရှန်လုပ်ဆောင်ပုံတွေအတွက် အကြောင်းအရင်းက သူမဖြစ်လေသည်
“အဲ့ဒါ မင်းကြောင့် ပါနေးရား”

“….!”

"လုရှန်က ပြောလာတယ် မင်းကို မထားခဲ့နိုင်ဘူးတဲ့ အချိန်အတိုလေးဆိုရင်တောင်မှတဲ့လေ"

ဧကရာဇ်ရဲ့လှပတဲ့မျက်နှာက ရှုံ့တွသွားသည် စိတ်ဆိုးတာကြောင့် နဖူးကို ကြုံကာ
"သူက ငါ့ကို ရူးနှမ်းတဲ့အကြောင်းပြချက်အတွက်နဲ့ သစ္စာဖောက်သွားတယ် တချိန်ထဲအဲ့လိုလုပ်သွားတယ်ဆိုတာက ငါ့လူတွေကို သစ္စာဖောက်တာနဲ့အတူတူပဲ"

တခဏကြာပြီးနောက် ဧကရာဇ်က သက်ပြင်းရှည်ကြီးတစ်ခုချလိုက်သည် သူကို နောက်မှကြည့်လိုက်တဲ့အခါ ဧကရာဇ်မျက်နှာက တည်ငြိမ်သွားလေသည်

စိတ်ထဲမှ ကြီးမားတဲ့ဒေါသကို လွှတ်ချလိုက်သလို

ဧကရာဇ်က
"ငါ ဖြစ်နိုင်ရင် လုရှန်လည်ပင်းကို ဖြတ်ပစ်ချင်တယ် ဒါပေမဲ့ ငါအခုလိုအပ်နေတာက သူ့ခေါင်းမဟုတ်ဘူးး သူ့ရဲ့အင်အား ဒါကြောင့် ပါနေးရား ကျေးဇူးပြုပြီး သူ့ကိုစည်းရုံးပေးပါအုမ်း"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now