အပိုင်း(၇၉)

422 71 2
                                    

“ဒါပေမဲ့….”

လုရှန်ပြောချင်တာကို အလွယ်လေးကောက်ချက်ချနိုင်သည်
ကိုယ် ခုချက်ချင်း အဲ့ခွေးရဲ့ အရေခွံကိုစုတ်ပြီး ရေပူထဲ ပြုတ်ထားချင်တယ်

သူသာ အဲ့လိုပြောလာရင် သူမအံဩမည်မဟုတ်ပေ ကံကောင်းစွာနဲ့ သူမအစောက ခြိမ်းခြောက်ခဲ့တာတွေကြောင့် သူကျယ်ကျယ်‌မပြောရဲပေ
တင်းမာ‌တဲ့အကြည့်တွေနဲ့

“မိနစ်သုံးဆယ်လောက် သည်းခံလိုက်”

မတရားခက်ခဲတဲ့ အရာတစ်ခုကို လုပ်ဖို့ အမေးခံလိုက်ရသည် လုရှန်မျက်နှာက ရှုံတွလာသည် ဒုက္ခရောက်နေတဲ့ သူ့ကို ချိုမြိန်တဲ့ဆုအကြောင်း သူမ တကြိမ် ပြန်ပြီး အသိပေးလိုက်သည်

“ကျွန်မ ရှင့်ပါးကို အနမ်းပေးမယ်လေ”

“…!”

ထိုအချိန်မှာ သူ၏နီရဲရဲမျက်၀န်းတွေက အပြင်းအထန်လှုပ်ရှားသွားသည် ထို့နောက် သူတည်ငြိမ်သွားခေသည် သူစိတ်ကို ပြင်ဆင်လိုက်သလိုပင်

လုပ်စမ်းပါ! မင်းလုပ်နိုင်ပါတယ်!

ဘယ်လောက်ကြာမှာမို့လို့လဲ?

ဒင်*

အချိန်ကိုစစ်ဆေးပြီးနောက် ပါပီကို သူမအောက်ချလိုက်သည် လက်မောင်းတွေထဲ လုရှန်ရဲ့ အသက်ခြိမ်းခြောက်နေတဲ့ အကြည့်တွေကို သည်းခံနေရတဲ့ သနားစရာပါ‌ပီလေးမှာ အခန်းထဲက မြန်မြန်ထွက်ခွာသွားလေသည်

လုရှန်စီ သူမချဉ်းကပ်သွားလိုက်သည် သူ၏အကန့်အသတ်ကို ရောက်ရှိသွားသလို သူက ခလုပ်တိုက်ပြီး သူမပခုံးပေါ် မှီလိုက်သည်

ဖြူဖျော့သောမျက်နှာနှင့်
“ပြီးသွားပြီလား?”

“ဟုတ်တယ် ပြီးသွားပြီ ရှင်ကောင်းကောင်းလုပ်နိုင်ခဲ့တယ် လုရှန်”
သူမအသံမှာ အံအားသင့်စရာ အောင်မြင်မှုကြောင့် ခံစားချက်တွေ ပြည့်နေလေသည်

လုရှန်က သူမကိုငေးကြည့်နေလေသည်

သူ၏တောက်ပနေသောမျက်လုံးတွေက အရိပ်အမြွတ်ပြနေတာကြောင့် သူမခေါင်းကိုမော့လိုက်သည်

မွ and မွ

ပြီးနောက် ထိုစကားလုံးတွေကို သူမထပ်ပေါင်းပြောလိုက်သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now