အပိုင်း(၃၅)

840 105 2
                                    


"ဒါဆို အက်စတယ်လာနဲ့ ရင်းနှီးအောင်ဘယ်လိုလုပ်ရမလဲ"

အထိရောက်ဆုံးနည်းလမ်းက သူမလုပ်ခဲ့သလို ပန်းမြက်စံအိမ်မှာ ‌အက်စတယ်လာနဲ့အတူ စေတနာ၀န်ထမ်းအလုပ် အတူလုပ်တာပင် ဒါပေမဲ့ ဒီနည်းလမ်းကိုတော့ ကားလစ်အား မညွှန်းချင်ပေ

'အက်စတယ်လာက သူမလူနာတွေကို ဂရုစိုက်တာမြင်ပြီး မနာလိုဖြစ်နေမှဖြင့်
လူနာတွေက အက်စတယ်လာအပေါ် သဘောဆိုးတာသူမြင်ရင်လဲ စိတ်တိုပြီး ထထိုးနေအုမ်းမယ်'
ဒါတွေကြောင့် ကားလစ်ရဲ့ သာမန်ထက်ပိုကျော်လွန်နေတဲ့ တည်ရှိမှုက အပြစ်ကင်းတဲ့လူနာတွေကို အလွန်အမင်း ခြိမ်းခြောက်နေလိမ့်မည်

ဒါကြောင့် သူမပေးမဲ့နည်းလမ်းက အလွန်သေးငယ်ပြီး တခြားသူတွေနဲ့လဲမတူပေ စားပွဲပေါ်က ဒိုင်ယာရီကို မပြီး ကြွားဝါစွာ ယမ်းပြလိုက်သည်

"အက်စတယ်လာက စာတွေရေးပြီး စကားပြောရတာကြိုက်တယ် ဒီဒိုင်ယာရီကို ရှင် ကျွန်မနဲ့ မျှဝေရုံတင် လုံလောက်ပါပြီ" (ကိုယ်လဲ ဒီနားနားမလည်)

"ဒိုင်ယာရီလဲတာ?"
ကားလစ်မှာ ထိုစကားလုံးက ထူးဆန်းတဲ့အရာတစ်ခုလို ‌ရေရွတ်ရင်း သူမလက်ထဲက ဒိုင်ယာရီကို ယူကြည့်လိုက်သည် ထိုဒိုင်ယာရီကို ပန်းတွေအများအပြားနှင့် အလှဆင်ထားတာကြောင့် တအားချစ်ဖို့ကောင်းနေသည်

ထိုဒိုင်ယာရီကို လေးနက်သောမျက်လုံးတွေနဲ့ ငေးကြည့်နေခဲ့ပြီး မေးလာခဲ့သည်
"ဒိုင်ယာရီထဲမှာ ငါပါ၀င်ရေးရမယ်လို့ မင်းပြောနေတာလား?"

"အို မဟုတ်တာ ဒါက ဖြူစင်တဲ့ မိန်းကလေးနှစ်ယောက်ရဲ့သူငယ်ချင်းဆက်ဆံရေးကနေရလာတဲ့ ပစ္စည်းတစ်ခုလေ ရှင်၀င်ကြည့်လို့ရမဲ့ အရာတစ်ခုမဟုတ်ဘူး"

ထိုထဲမှာရေးထားတဲ့ စာတွေကို ရှာလကာရည်သောက်နေတဲ့ယောကျာ်းတစ်ယောက်ကို ကြည့်ခွင့်မပြုနိုင်ဘူးဟုပြောလိုက်သောအခါ ကားလစ်မျက်မှောင်ကြုတ်သွားတော့သည်

"ဒါဆို..."

"အက်စတယ်လာဆီ စာတစ်စောင်ရေးလိုက် အဲ့စာကို သူမဆီသွားပို့ပေးမယ်"

ကားလစ်မျက်လုံးတွေက ကယ်တင်ရှင်ကိုတွေ့လိုက်ရသလို တောက်ပလာတော့သည်
───── 〔〕─────

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWo Geschichten leben. Entdecke jetzt