အပိုင်း(၅၃)

601 93 6
                                    

သူမထိုသို့ပြောလိုက်တဲ့အခါ ခွန်းက ထရယ်လေသည် ထို့နောက် သူခေါင်းကိုခါပြီး ပြောလိုက်သည်
"ငါက ဆရာ၀န်တယောက်ဆိုတာ မင်းမေ့နေပြီ ထင်တယ် ငါက သေခါနီးလူတွေကို ကယ်ရတာတစ်ခုထဲကိုပဲ စိတ်၀င်စားတာ ဒါကြောင့် ကျန်းမာနေတဲ့သူကို သေအောင်သတ်တဲ့နေရာမှာ စိတ်မပါဘူး စိတ်ချလက်ချနဲ့ စားလိုက်ပါ"

“……”

သူမ သူ့ကို တကယ်မယုံ‌နိုင်သေးပေ

ခုံပေါ်၌ တည်တည်ငြိမ်ငြိမ်ထိုင်လိုက်ပြီး ခရင်းတစ်ချောင်းကိုကောက်ကိုင်လိုက်သည်
"ဒါဆို ရှင် ဘာကြောင့် ကျွန်မကိုခေါ်လိုက်တာလဲ"

"ငါ မင်းကို ဘာကြောင့်ခေါ်လိုက်တယ်ထင်လဲ သေချာပေါက် မနေ့က ကိစ္စကြောင့်လေ"

ခရင်တွေ များများပါတဲ့ ကိတ်ရဲ့ အချွန်းဘက်အပိုင်းကို ဇွန်းတချောင်းနဲ့ ဖြတ်လိုက်ပြီး မေးလိုက်သည်

"ရှင် ကျွန်မစီကနေ တောင်းပန်စကားလိုချင်တာလား"

"ငါလိုချင်ရင် မင်းက တောင်းပန်မှာလား"

"ရှင်လဲတောင်းပန်မယ်ဆိုရင်ပေါ့"

ပါးစပ်ကိုဖွင့်လိုက်ပြီး ကိတ်ကို သူမပါးစပ်ထဲထည့်လိုက်သည် ခပ်ချိုချိုကိတ်ကိုဝါးနေချိန် ခွန်းက သူမကိုပြောလာခဲ့သည်
"ထူးဆန်းတယ် ငါတို့ ပထမဆုံးတွေ့တုန်းက မင်းက နူးညံ့သိမ်မွေ့တဲ့လေဒီတယောက်လို့ ငါထင်ခဲ့တာ ဒီလိုမောက်မာတဲ့ပုံစံ ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားရတာလဲ"

"ငါအဲ့တုန်းက တုန်လှုပ်သွားတာ"

"ဒါဆို အခုလဲ ဘာလို့ မတုန်လှုပ်ရတာလဲ"

ဘမ်းး!

ပြားချပ်ချပ်ချောကလတ်ကိတ်ရဲ့ အလယ်ပိုင်းကို ဇွန်းနဲ့ ခပ်လိုက်ရင်း ပြောလိုက်သည်
"ရှင် ကျွန်မကောင်လေးကို စော်ကားခဲ့တယ်"

သူမရဲ့ရက်စက်မှုကို မဖုံးကွယ်ပဲ သူ့ကိုကြည့်လိုက်သည်
"လုရှန်က မကောင်းဆိုးဝါးတကောင်မဟုတ်ဘူး သူက လူသားတစ်ယောက်ပဲ"

“…….”

"သူမှာ ထူးခြားတဲ့ အစွမ်းလေးနည်းနည်းရှိနေရုံပဲ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးNơi câu chuyện tồn tại. Hãy khám phá bây giờ