အခန်း104

450 56 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၁၀၄ မျှော်လင့်ထားတဲ့ အဆုံးသတ်

လုကျိုးက ထိုမစ်ရှင်ကို လက်ခံပြီးတာနဲ့ စနစ်ရဲ့နေရာလပ် ပြင်ကျယ်ကနေ ထွက်လာခဲ့လိုက်သည်။ ထို့နောက်သူက ကွန်ပျူတာကို ဖွင့်ကာ ကွန်ပျူတာ ရုပ်၀တၳုသိပ္ပံဆိုတဲ့ ၀က်ဆိုဒ်ထဲသို့ ၀င်ရောက်လိုက်တော့သည်။ မည်သို့ပင်ဆိုစေ သူ့အနေနဲ့ စာတမ်း တစ်ခုတင်တာက ပထမဆုံး အကြိမ်မဟုတ်ပေ။ ဒါကြောင့် ချောချောမွေ့မွေ့နဲ့ဘကိုယ်ရေးအချက်အလက်တွေ ဖြည့်ကာ စာတမ်းကို တင်လိုက်တော့သည်။

ထိုအခိုက် အခန်းတံခါးကို တွန်းဖွင့်သံကို ကြားလိုက်ရ၏။ ရှီရှန်းက ဂစ္တာကို လွယ်ရင်း ပန်းတွေကို ပွေ့ပိုက်ကာ ယုံကြည်မှုရှိစွာနဲ့ ၀င်လာခဲ့သည်။ လုကျိုးက စာတမ်းတင်နေရင်း ရှီရှန်းရဲ့မျက်နှာအမူအရာကို လိုက်ဖတ်နေခဲ့ကာ ရှောင်အိုင်းအား ခံစားချက် အမူအရာ ပြသည့် အီမိုဂျီတစ်ခု ထုတ်ခိုင်းချင်ခဲ့၏။

လူတိုင်းက ဘာတွေ ဖြစ်လာမလဲဆိုတာကို သိလိုက်ကြသည်။ ရှီရှန်းကို ပန်းပေးခဲ့တဲ့ ကောင်မလေးက ဂစ်တာကလပ်ထဲသို့ အသစ်၀င်လာတဲ့ အသစ္ကေလး ဖြစ်သည်။ သူမေလးက သူနဲ့ အချိန် အကြာကြီး ကလူနေခဲ့သူလည်း ဖြစ်၏။ သို့ရာတွင် ရှီရှန်းကတော့ ဒီအကြောင်းကို မပြောခဲ့ပေ။ ဘယ်သူကမှလည်း ဒီအကြောင်းကို မမေးကြပေ။သိသာစွာပင် အားလုံးက မနာလို ဖြစ်နေကြခြင်း ဖြစ်၏။

ကောင်းပြီ လုကျိုးက ထိုအကြောင်းကို တွေးမိတော့ သူလည်း နည်းနည်းမနာလို ဖြစ်သလို ခံစားလာရပေသည်။ သူက တစ်စုံတစ်ယောက် သူ့ကို လာမကြိုက်လို့ မနာလိုဖြစ်တာတော့ မဟုတ်ပေ။ ဒါဆို ဘာကြောင့်လဲ။ သူကသီချင်းဆိုတဲ့ နေရာမှာ ဆိုးဆိုးရွားရွား ပါရမီ ရှိသည်။ ဒါကြောင့် အျခား သီချင်းဆို ကောင်းတဲ့သူတိုင်းကို သူ မနာလို ဖြစ်ပေ၏။

ရှီရှန်း တစ်ခဏလောက် ရပ်တန့်ပြီးသည့်နောက် သူ့ရဲ့လေသံကို ပြောင်းကာ ပြောလိုက်သည်။

ငါတို့ ဒီအဆောင်ကို စဝင်လာကတည်းက ငါပြောပြီးသားပါပဲ၊ တကယ့် မိတ်ဆွေသူငယ်ချင်းကို တိုးတက်သွားရင်တောင်မှ မေမ့ရဘူး ဆိုတာလေ တကယ္လို့ ငါကောင်မလေးရခဲ့ရင်လည်း ငါ့ရဲ့ ပထမဆုံးလုပ်မယ့်အလုပ်က မင်းတို့ကောင်တွေအားလုံးကို ကောင်မလေးတွေရအောင် မိတ်ဆက်ပေးဖို့ပဲ

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now