အခန်း91

491 72 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၉၁ ရူပဗေဒ သုတေသန ပရောဂျက်

နောက်တစ်နေ့ နံနက်တွင် လုကျိုးက ပရော်ဖက်ဆာထန်းဆီက ဖုန်းလက်ခံရရှိသည်။ ဒီလိုနဲ့ သူက သုတေသနအဆောက်အဦးသို့ သွားလိုက်၏။ သူ ပရော်ဖက်ဆာထန်းရဲ့ ရုံးခန်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ သူ့ရဲ့ ရူပဗေဒဆရာ ပရော်ဖက်ဆာ လီရုန်အန်းကို မြင်ရသည်။

မင်းဘာလို့ အဲ့ဒီမွာ ရပ်နေတာလဲ လာဝင်ထိုင်လေ
ပရော်ဖက်ဆာထန်းက ပြောသည်။ ထို့နောက် သူ့ရဲ့ရေနွေးခွက်ကို ခ်ကာ သူ့အား ပြုံးပြကာ မေး၏။

အခုတေလာ မင်းဘယ်လိုနေလဲ

ကျွန်တော် ကျောင်းတွင်း လက်ထောက်ကိုပဲ အာရုံစိုက်နေတာပါ
လုကျိုး ပြုံးလိုက်သည်။

သူက ပရော်ဖက်ဆာ လီရုန်အန်းကိုလည်း တစ်ချက်အရိုအသေပေးလိုက်ကာ ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်၏။ ပရော်ဖက်ဆာ လီရုန်အန်းက ပြုံးပြသည်။

ဘယ်လိုနေလဲ တိုးတက်မှုရှိလား အခြေအနေ ဘယ္လိုရွိလဲ

လုကျိုး ချောင်းဟန့်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
အတူတူလောက်ပါပဲ

ဒီတေလာမွာ ဘာတိုးတက်မှုမှ မရွိခဲ့ဘူး။ ဒါက အဆင့်မြှင့်တင်ထားတဲ့ အက်ပလီကေးရှင်း အသစ္ကို မထုတ်ရသေးလို့လဲ ဖြစ်နိုင်ပါတယ်။ တကယ္လို့ အက်ပလီကေးရှင်းကသာ ကျရှုံးသွားခဲ့မယ်ဆိုရင်တော့ ။

ပရော်ဖက်ဆာထန်း ကျွန်တော့်ကို ဘာကြောင့်ရှာတာများလဲ
လုကျိုးချက်ချင်းပင် အကြောင်းအရာ ပြောင်းလိုက်တော့သည်။

ငါက မင်းကို ရွာတာ မဟုတ္ဘူး
ပရော်ဖက်ဆာထန်းကရယ်သည်။ ထို့နောက် ထပ်ဖြည့်ပြော၏။

မင်းကိုရှာတာက ပရော်ဖက်ဆာ လီပဲ ။သူက သူ့ရဲ့သိပ္ပံသုတေသနလုပ်ငန်းမှာ မင်းကို ကူညီစေချင်နေတယ်လေ။ ဒါကြောင့် ငါကလည်း မင်းကို သူ့ကို ကူညီစေချင်ပါတယ် ၊ငါကလည်း အလုပ်တွေ များနေတော့ သူ့ကို အချိန်မပေးနိုင်ဘူး ။ဒီပရောဂျက်ကိစ္စက နည်းနည်းလေး အရေးကြီးတယ်လေ၊ phd ကျောင်းသူကျောင်းသားအများစုနဲ့ မာစတာတန်းတွေကလည်း ဒီဘက်ပိုင်းတွေမှာ တော်မယ်လို့ မထင်ဘူး ၊မင်းကတော့ အသင့်တော်ဆုံးပေါ့ ဒါကြောင့် မင်းကို ခေါ်လိုက်ရတာပဲ

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now