အခန်း4

1.4K 177 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ Knowledge

အပိုင်း ၄ (လူတိုင်းက မေးခွန်းတွေကို လေ့လာကြတယ် ငါကေတာ့ စာအုပ်တွေကိုလေ့လာတယ်)

သူ့အိပ်ယာက ခပ်ဖြည်းဖြည်းလှုပ်နေတယ်လို့ သူခံစားရချိန်တွင် မနက်ခြောက်နာရီသာရှိသေးသည်။ လျှို့လွေ့ သူ့ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့မျက်လုံးတွေကို တဖျတ်ဖျတ်ခတ်ဖို့ကြိုးစားရင်း ဘယ္သူက အိပ်ယာကိုလှုပ်ဖို့လုပ်နေသလဲဆိုတာကို ကြည့်လိုက်သည်။

လုကျိုးဟာ လှေကားမှ အောက်သို့ ဆင်းနေတာကို သူမြင်လိုက်ရချိန်တွင် ချက်ချင်းမေးမြန်းလိုက်ဖြစ်သည်။

"ကျိုး မင်း အစောကြီးထတာလား"

လုကျိုးဟာ ကျန်သောအခန်းဖော်နှစ်ယောက်နိုးသွားမှာကို စိုးရိမ်သည့်အနေဖြင့် အသံတိုးတိုးနှင့်သာ ပြန်ပြောသည်။

"ဟုတ်တယ်"

လျှို့လွေ့ချက်ချင်းပင် ထပ်မေးလိုက်ပြန်၏။

"အလုပ်သွားဖို့လား"

လုကျိုး အနည်းငယ်တုံ့ဆိုင်းပြီးမှသာ ခေါင်းကို ခါပြလိုက်သည်။

"မသြားဘူး ငါရက်နည်းနည်းအနားယူမှာ"

"အခုအရမ်းစောနေသေးတယ်လေ မင်းဘယ်သွားမလို့လဲ"

"စာကြည့်တိုက်လေ"

ရုတ်တရက် လျှို့လွေ့အဖို့ ဆက်မအိပ်ချင်တော့သလိုဖြစ်သွားသည်။

လုကျိုး သွားတိုက်ဖို့နဲ့ ခန္ဓာကိုယ်ဆေးကြောဖို့အတွက် အခန်းထဲဝင်သွားလိုက်သည်။ ထို့နောက်သူပြန်ထွက်လာတဲ့အခါမှာတော့လျှို့လွေ့ဟာ အိပ်ယာပေါ်မှဆင်းလာတာကို တွေ့လိုက်ရသည်။

သူချက်ချင်းပဲ စူးစမ်းသလိုမေးလိုက်မိပါ၏။
"မင်းမအိပ်ချင်တော့ဘူးလား"

"ငါစာလုပ်ရမယ်လေ"
လျှို့လွေ့ဟာ သူ့ကိုယ်သူ ညှင်းပန်းနှိပ်စက်ဖို့အတွက် ပင်ပန်းနွမ်းနယ်နေတဲ့ကိုယ်ကို ရေချိုးခန်းထဲသို့ ဒရွတ်တိုက်ဆွဲသွားလိုက်သည်။

လုကျိုးကတော့သူ့ရဲ့ တက်ကြွလွန်းတဲ့ အခန်းဖော်ကြောင့် ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။ အဆုံးတွင်တော့ သူ ခေါင်းကိုခါရမ်းရင်း မည်သည့်စကားမှ မပြောဖြစ်တော့။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now