အခန်း43

715 110 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၄၃ ဖြစ်နိုင်သမျှမြန်မြန် ခွင့်လွှတ်ပေးလို့ရမလား မဟုတ်လည်းထားတော့

[ဟွားကောင်းလူငယ်သတင်းစာ]ရဲ့အင်တာဗျူးကို လက်ခံနေတဲ့အချိန်ဟာ နေ့လည်ခင်းစာသင်နေတဲ့အချိန် ဖြစ်သည်။

ဒါကဒီလအတွင်းသူရရှိခဲ့တဲ့ ဒုတိယမြောက်အင်တာဗျူးလည်းဖြစ်သည်။ ဒီအင်တာဗျူးကတော့ ပြီးခဲ့တဲ့တစ်ခေါက်နဲ့ကွာခြားသည်။ ဒီတစ်ကြိမ်မှာတော့ ဟွားကောင်းလူငယ်သတင်းစာမှ သတင်းတင်ဆက်သူက လုကျိုးကိုပြောပြသည်က ဒီသတင်းစာကသတင်းစာမှာထည့်သွင်းထုတ်ဝေရုံတင်မဟုတ်ဘဲ ဗြီဒီယိုပါ အွန်လိုင်းပေါ်သို့ တင်ပေးမယ်လို့ပြောလာသည်။

ထို့ကြောင့် လုကျိုးထိုအင်တာဗျူးကိုလက်ခံလိုက်တဲ့အခါ အနည်းငယ်တော့ကို့ယို့ကားယားဖြစ်နေပေသည်။

လှပချောမောလှတဲ့အမျိုးသမီးသတင်းထောက်က သူ့ကိုအင်တာဗျူးနေခြင်းဖြစ်သည်။ သူမရဲ့အသံကအလြန္ကိုသာယာကာ ရေဒီယိုတွေက တိုက်ရိုက်ထုတ်လွှင့်တဲ့အသံလေးလိုပဲ ထင်ရစေသည်။ အမျိုးသမီးကပြုံးကာဆို၏။

ဟဲလို ကျောင်းသားလု ကျွန်မတို့စတင်လို့ရပြီလားရှင်

လုကျိုး ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

ဟုတ်ကဲ့ ကျေးဇူးပြုပြီးတော့ မေးမြန်းပါခင်ဗျာ

မင်းသိပ်ပြီးတော့စိုးရိမ်နေဖို့မလိုပါဘူး မေးခွန်းတွေကရိုးရိုးရှင်းရှင်းပဲဖြစ်မှာပါ
သတင်းတင်ဆက်သူက အပြုံးဖြင့်ထိုသို့ဆိုသည်။

သူမလေးကကင်မရာသမားကို စတင်ဖို့အမူအရာပြလိုက်လေရင်း ဆရာကျတဲ့လေသံလေးနဲ့ပြောသည်။

ပထမဆုံးအနေနဲ့ မင်းပုံမှန်ဘယ်လိုစာလုပ်လဲဆိုတာကို ကျွန်မတို့သိချင်တာပါ စာလုပ်တဲ့လမ်းညွှန်ပုံစံမျိုးများရှိနိုင်မလား

လုကျိုးတစ်ခဏတော့တွေးတောပြီးမှသာ ပြန်ဖြေလိုက်သည်။

ကျွန်တော့်မှာ အဲ့လိုမျိုး နည်းလမ်းမျိုးတွေတော့မရှိပါဘူး။ ကျွန်တော်ဒီတိုင်းစာကြည့်တိုက်ကိုသွားပြီး အဲ့မှာစာလုပ်ပါတယ်။ တခြားကျောင်းသားတွေနဲ့တော့ သိပ်ကွာခြားမယ်မထင်ဘူး

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now