အခန်း64

600 96 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၆၄ နယ်အဆင့် ပရယ်စန်တေးရှင်း

သည်နေ့အတွက် ပရယ်စန်တေးရှင်းကတော့ ကျင်းလင် တက္ကသိုလ်နဲ့ တုံးတက္ကသိုလ်တို့ရဲ့ ဦးစီးဦးရွက် ပြုထားတဲ့ ပရယ်စန်တေးရှင်းတွေ ဖြစ်သည်။ ဒိုင်တွေက အာကာသယဉ် စက်မှုဇုံကြီးတွေက တကယ့် လေးစားရတဲ့ ကျွမ်းကျင် ပညာရှင်ကြီးတွေ ဖြစ်သည်။ဥပမာ ကျန်းဆု အာကာသ နည်းပညာ သုတေသန အဖွဲ့အစည်းက ပုဂ္ဂိုလ်ကြီးတွေ၊ သို့မဟုတ် အာကာယဉ်လောကမှ လေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပေသည်။

ထိုသို့ဖြင့် လေထုက လေးလံနေတော့သည်။
လင်းယွီရှန်းက တုံးတက္ကသိုလ်က စီစဉ်ပေးထားသည့် ခုံတစ်ခုတွင် ထိုင်နေသည်။ သူမက သူ့ရဲ့စာတမ်းကို အထပ်ထပ် အခါခါ ဖတ်နေခဲ့သည်။

၀မ်ရှောင်တုံးနဲ့ လုကျိုးတို့ကတော့ ဒိုင်တွေက သူတို့ ပရယ်စန်တေးရှင်း လုပ်နေချိန် မေးလာနိုင်တဲ့ မေးခွန်းတွေကို ဆွေးနွေးနေကြသည်။လင်းယွီရှန်းကလည်း  အလိုက်သိသည်။ သူတို့အတွက် ရေဌဲ့ပေးလိုက်၊ လက်ဖက်ရည် ဌဲ့ပေးလိုက် လုပ်နေခဲ့သည်။

စာတမ်း ပရယ်စန်တေးရှင်းကို လုကျိုး တစ်ယောက်ထဲသာ အဓိက လုပ်ထားသည်။ ၀မ်ရှောင်တုံးက အရန် အနေနဲ့သာ ရှိနေကာ လုကျိုးကလည်း သူ့ကို မမျှော်လင့်ထားပေ။

သူက ပုံစံငယ်ရဲ့ ပြဿနာကို စာကြောင်း ဆယ်ကြောင်းလောက် ရှင်းပြထားကာ ၀မ်ရှောင်တုံးက တစ်ကြောင်း ထပ်ဖြည့်ပေးသည်။ သူ ထပ်ဖြည့်တာက ကုတ်မေးခွန်း တစ်ခုဖြစ်သည်။ ထိုမေးခွန်းကို လုကျိုးဆိုရင် ဆယ်ကြောင်းလောက် ပြန် ဖြန့်နိုင်သည်။

၀မ်ရှောင်တုံးက ပါရမီရှိသည်။ သို့သော် ဆက်ဆံရေးမကောင်းပေ။ ဒါ့အပြင် ဘယ်လောက် ပါရမီရွိရွိ သူက လေ့ကျင့်မှု အားနည်းလို့ လိုနေသေးတယ်လို့ ဆိုရပေမည်။

လင်းယွီရှန်းကတော့ ပစ္စည်းပို့သမားသာ လုပ်သည်။ သူမက ပရယ်စန်တေးရှင်း လုပ်ပေးဖို့ မေးခဲ့သည်။ တစ်ယောက်ယောက်ကသာ နယ်မြေ ကိုသြဒိနတ်တွေကို ဘယ္လို တွက်ချက်ခဲ့လဲလို့ မေးလာပါက အသင်းဖော်တွေကိုသာ သနားစဖွယ် မျက်လုံးတွေနဲ့ ပြန်ကြည့်လာမယ့် သူမျိုးဖြစ်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now