အခန်း177

111 17 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၇၇

ထိုအင်တာဗျုးသည် မိနစ်နှစ်ဆယ်ခန့် ကြာသည်။လုကျိုးသည် ကော်ဖီဆိုင်ထဲမှ ထွက်ကာ ကားဆီသို့ ပြန်လာသည်။ သူသည် ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်သည်။ ပရော်ဖက်ဆာဂရေရာသည် မောင်းသူနေရာတွင် ထိုင်နေခဲ့၏၊ သူက အဲကွန်းဖွင့်ကာ အိပ်ပျော်နေသည်။ သူက လုကျိုးဝင်လာမှ နိုးကာမေးသည်။

"ပြီးသွားပြီလား"

လုကျိုးက ခါးပတ်ပတ်ရင်း ပြောလိုက်သည်။
"ပြီးသွားပါပြီ"

အင်တာဗျုးနေစဉ်တွင် ပရော်ဖက်ဆာ ဂရေရာသည် ဆိုင်ထဲတွင် မနေခဲ့ချေ၊ အင်တာဗျူးစကထဲက ထွက်သွားခဲ့ခြင်း ဖြစ်သည်။ လုကျိုး သိချင်လာသည်။

"ပရော်ဖက်ဆာနဲ့ အဲဒီဘလင်ဒါက..."

"ငါတို့က အတူတူရှိခဲ့ကြပေမယ့် သိပ်တော့မကြာခဲ့ပါဘူး"
ပရော်ဖက်ဆာဂရေရာက ပြောသည်၊ သူက ပုံမှန်ဆန်သည့်လေသံဖြင့် ဆက်ပြောသေး၏။

"သူက ငါ့ရဲ့ရည်းစားဟောင်းလေ"

လုကျိုး မင်သက်သွားတော့သည်၊ သူက ဂရေရာကို မယုံနိုင်သလို ကြည့်လိုက်၏။ ထိုဘလင်ဒါ မိန်းကလေးသည် အသက်နှစ်ဆယ်သာ ရှိသေးပေသည်။ ထိုသည်က မိတ်ကပ်ကြောင့်လည်း ဖြစ်နိုင်သော်လည်း သူသည်တော့ ဂရေရာနှင့် အသက်ကွာလွန်းသည်ဟုထင်၏၊

လုကျိုး၏အကြည့်ကို မြင်တော့ ပရော်ဖက်ဆာဂရေရာက တဖက်လူ မည်သည်တို့တွေးနေကြောင်း သိလိုက်ကာ ပြုံးသည်။

"ငါ့ကို အသက်ကြီးတယ်လို့ မတွေးစမ်းပါနဲ့၊ ငါက အခုမှ အသက်လေးဆယ်ပဲရှိသေးတာ၊ ဟုတ်ပြီလား၊ ငါ နယ်ပယ် မက်ဒယ်ဆုတွေ ထပ်ရနိုင်ဖို့ရှိသေးတယ်"

လုကျိုး "ဒါပေမယ့် နောက်ထပ်ဆုက ၂၀၁၈မှ ပေးမှာလေ၊ အဲဒီအချိန်ဆို အကိုက လေးဆယ့်သုံးနှစ် ဖြစ်လောက်ပြီမလား"

"ငါက စတာပါကွ၊ ငါက သင်္ချာနယ်ပယ်ကိုလည်း မသွားချင်ပါဘူး"

ပရော်ဖက်ဆာဂရေရာက ပြောသည်၊ သူက ချောင်းဟန့်ကာ အကြောင်းအရာ ပြောင်းသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now