အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ-Sunflower
အပိုင်း ၁၁၈ သမိုင်းတစ်ခုကို မျက်မြင်တွေ့ကြုံရခြင်း
မိုလီနာက လုကျိုးကို ပရင်ဆယ်တွန် ဟိုတယ္သို့ ခေါ်သွားပေးသည်။ ထို့နောက် သူမက ဟိုတယ်၀န်ထမ်း တစ်ယောက်ကိုပင် လက်လွှဲပေးကာ ထွက်ခွာသွားတော့သည်။ လုကျိုးရဲ့အချက်အလက်တွေကို ဟိုတယ်ရဲ့စနစ်ထဲ ဖြည့်သွင်းပြီးသည့်နောက် ဟိုတယ်ရဲ့၀န်ထမ်းကပြောသည်။
မင်းရဲ့အခန်းက နံပါတ်သုံးရာ့ခြောက်ပဲ။ မင်းငါ့ကို လိုက်ပို့စေချင်လား
လုကျိုး ပြန်ဖြေလိုက်သည်။
မလိုပါဘူး။ ကျွန်တော်ဘာသာ သွားနိုင်ပါတယ်ထို့နောက် သူက ဓာတ်လှေကားထဲသို့ ခရီးဆောင်အိတ်ကိုဆွဲကာ ၀င်သွားလိုက်တော့သည်။ ထို့နောက် သူ့ရဲ့ဟိုတယ်ခန်းထဲ သွားလိုက်၏။ ပထမဆုံး သူလုပ္တာကေတာ့ ရေပူနဲ့ရေချိုးတာ ဖြစ်သည်။ ရေချိုးခန်းထဲက ထွက်လာပြီးသည့်နောက် အိပ်ရာပေါ်တွင် လွဲကာ အိပ်လိုက်တော့၏။ သူ အကြာကြီး လေယာဉ်စီးလာခဲ့ရလို့အနားယူချင်နေပြီ ။
ပုံမှန် အကယ္ဒမီ ဆွေးနွေးပွဲတွေက သုံးရက္ကေန လေးရက်လောက်ထိ ကြာတတ်သည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင်တော့ ခရစ်စမတ် အားလပ်ရက်မှာ ကျင်းပတဲ့ ပထမဆုံးအစည်းအဝေးပွဲ ဖြစ်လေလို့ အေရးပါ အရာရောက်တဲ့သူတွေ တော်တော်များများ တက်ရောက်ကြလေကာ ခြောက်ရက်တောင်မှ ကြာနိုင်၏။
လုကျိုးရဲ့ပရယ်စန်တေးရှင်းက ငါးရက်မြောက်နေ့မှ ပြသရမှာ ဖြစ်သည်။ မိနစ်သုံးဆယ် ပြသခွင့် သူ ရထားပေ၏။ ထိုမိနစ် သုံးဆယ္စာဟာ ဘွဲ့မရသေးတဲ့ကျောင်းသား တစ်ယောက်အတွက်တော့ တကယ့်ကို မဟာအောင်မြင်မှုကြီး ဖြစ်ပေသည်။ ထည့်ပြောဖို့ပင်မလိုလောက်အောင် သူက ဖိတ်ကြားခံခဲ့ရသူလည်း ဖြစ်၏။
ဒီလိုအစည်းအဝေးပွဲတွင် ပရယ်စန်တေးရှင်း ချပြခွင့်ရသည့် အဆင့်အတန်းကိုက အတော်လေးကို မြင့်မားနေခဲ့ပြီ ဖြစ်သည်။ ဒါက အက်ဖ်ဘီအိုင် စာတမ်းတွေကိုရွေးချယ်ခံရတာထက်တောင်မှ သာလွန်နေပေ၏။
YOU ARE READING
အံဖွယ်စနစ်ပိုင်ရှင် ပထမတွဲ
Science Fictionလုကျိုးဟာ မမျှော်လင့်ဘဲ စနစ်တခုကိုပိုငဆိုင်ကာ လူတွေအလည်မှာ ထင်ပေါ်ကျော်ကြားလာခဲ့တယ်