အခန်း122

390 39 2
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Sun flower

အပိုင်း ၁၂၂ ဈာန်၀င်စားခြင်း

လုကျိုးက အခန်းထဲ မပြန်ခင် စားပြဲထိုးဆီမွ ပေါင်မုန့်နှစ်လုံးကို ဆွဲယူခဲ့သေးသည်ပေ။ ထို့နောက် သူက အခန်းထဲ ပြန်၀င်ကာ မှတ်စုစာရွက် နှစ်ရွက်ကို စားပွဲပေါ်  ပစ်တင်လိုက်သလို ခရီးဆောင်အိတ်ထဲက အကြမ်းစာရွက်တွေကိုလည်း ဆွဲထုတ်လိုက်လေတော့သည်။ အားလုံး အဆင်သင့်ဖြစ်ပြီ။

သူက အသက်ပြင်းပြင်း ရွူကာ စနစ်ထဲကို ၀င်လိုက်သည်။ ထို့နောက် ဈာ၀န်စားခြင်း အချိန်ကို စစေလိုက်တော့သည်။ မွှေးညှင်းပေါက်တွေမှ ထူးဆန်းသည့် ခံစားခ်က္က ဦးနှောက်ထဲ ၀င်လာတယ်လို့ လုကျိုး ခံစားလာရလေသည်။ ထူးဆန်းတဲ့ ခံစားချက်ပဲ။

တစ်ချိန်ထဲတွင်ပင် သူ့စိတ်ထဲက ခံစားမွု အားလှိုင်းတွေက ဆူနာမီလို ဖြစ်လာကာ ရှုပ်ထွေးနေသမျှကို ရှင်းလင်းပစ်လိုက်လေတော့သည်။ ထိုခံစားခ်က္ကို သူ့အနေနဲ့ ဖော်ပြဖို့ပင် ခက်ခဲလေသည်။ လိုက်ကာတွေရဲ့ မြည်သံကတောင် တုန်ခါမှု အားလှိုင်းဘယ်လောက်ပါလဲ ဆိုတာကို သူ သိလာခဲ့သည်။ သူ့ရဲ့ ခန္ဓာကိုယ်က နဂါးငွေ့တန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နေသလိုမျိုး ထူးဆန်းသည့် ခံစားခ်က္က တစ္ကိုယ္လုံး အနှံ့ ပြန့်နေ၏။

သူ့စားပွဲပေါ်က ပစ္စည်းတွေ၊ အိပ်ယာတွေ၊ ဗီရိုတွေ စသဖြင့်ကို ရွှေရောင် အချိုး သုံးဖက်မြင် ပုံစံဖြင့် သူမြင်နေရတော့သည်။ သေးငယ်လှသည့် အသေးစိတ်အချက်လေးတွေကိုပင် သူ မြင်နေရပေသည်။

သူ့မြင်ကွင်းမှ သန့်စင်သော ဂျီအိုမက်ထရစ် ပုံရိပ်တွေကို ထုတ်ပေးနေခဲ့လေသည်။ ထို့နောက် သန့်စင်သော နံပါတ်တွေအဖြစ် ဒေတာတွေဖြစ်သွားကာ အားလုံးကို သူ မြင်ယောင်လာခဲ့လေသည်။

ထိုသေးငယ်လှသည့် အနုစိတ်နေသည့် အရာရာက အနုပညာရှင်တွေ အတွက်တော့ ကောင်းကင်ဘုံ ဖြစ်နေနိုင်သည်။ သို့သော် ocdသမားတွေအတွက်ဆိုရင်တော့ ငရဲသာ ဖြစ်သည်။ လုကျိုး ပင့်သက်ရှိုက်လိုက်ကာ ပတ်၀န်းကျင်ကို လျစ်လျူရှုပြီး အကြမ်းစာရွက်တွေကိုသာ အာရုံစိုက်လိုက်တော့သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now