အခန်း36

730 110 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူSunFlower

၃၆ ညီအစ်ကိုကျိုးရဲ့ အဖြစ်အပျက်တစ်ခု

လုကျိုးမီးဖိုချောင်ထဲဝင်ပြီးမချက်ပြုတ်ခင်ခါးကိုစည်းလိုက်တဲ့အချိန်က ညနေခြောက်နာရီဖြစ်သည်။ ဒါကသူတို့ရဲ့သဘောတူညီချက်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူမကသူ့ကိုမီးဖိုခန်းထဲတွန်းပို့ပြီးနောက် စိတ်၀င်တစားကြည့်သည်။

မီးဖိုချောင်တွင်မစ္စယန်ဝယ်ထားသောလတ်ဆတ်တဲ့အစားအစာများစွာရှိသည်။

တိုပူး၊ဝက်သားနှင့်လတ်ဆတ်သောဟင်းသီးဟင်းရွက်များရှိသည်။ ဒါ့အပြင်အသုံးများသောဆားနှင့်ဟင်းသီးဟင်းရွက်များကိုလည်းပြန်လည်ဖြည့်တင်းထားခဲ့သည်။

မစ္စစ်ယန်ကသူမမီးဖိုချောင်ကိုသုံးဖို့သူ့ကိုခွင့်ပြုခဲ့ပုံရသည်။ နောက်ဆုံးတွင်သူမသည်သမီးဖြစ်သူအားနေ့စဉ်အစားအသောက်များနှင့်အသင့်စားစရာများကိုမစားစေချင်ခဲ့ပေ။

သို့သော်

သူမအဘယ်ကြောင့်အိမ်ဖော်မငှားရသနည်း

ဒါကလုကျိုးကိုစိတ်အနှောင့်အယှက်မဖြစ်စေခဲ့ပေ။ သသ့ပိုက်ဆံကုန်တာတောင်သက်သာသေးသည်မဟုတ်လား...

ဟန်မန်ချီက "နင်အရင်ကဆရာလုပ်ဖူးလား"
လို့မေးလာသည်။

လုကျိုးက အိုးထဲသို့ဆီလောင်းနေရင်း
"ဒါ ပထမဆုံးအကြိမ်ပဲ"လို့ပြန်ဖြေသည်။

ဟန်မန်ချီ့မျက်လုံးတွေပြူးကျယ်သွားသည်။ သူမကသူထိုသို့ဖြေမယ်လို့မထင်ထားခဲ့ပေ။

လုကျိုူက မင်းကဘာလို့အဲဒီလိုမေးတာလဲ။ ငါကငါ့ရဲ့ညီမလေးကိုရံဖန်ရံခါလေ့ကျင့်ပေးခဲ့လို့တော်နေတာဖြစ်နိုင်တယ်။ "

"နင့်မှာညီမရှိတာလား"
ဟန်မန်ချီ အံ့အားသင့်စွာနဲ့မေးလာ၏။ ထို့နောက်သူမက

"သူမအသက်ဘယ်လောက်ရှိပြီလဲ" ဟုထပ်မေးလာသည်။

"မင်းနဲ့တူတူပဲ။ အခု ၁၀ တန်း၊ ဒီနွေရာသီမှာသူမ ၁၁ တန်းဖြစ်လိမ့်မယ်"

ဟန်မန်ချီ နှာခေါင်းရှုံ့သည်။
သူမက သက်ပြင်းချသေး၏။

"ငါတကယ္မနာလိုဘူး"

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now