အခန်း62

630 89 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၆၂ မင်း ဆက်မလုပ်ဘူးဆိုရင် ငါ မင်းကို မေလးစားဘဲ နေမှာနော်

သေချာ အာရုံစူးစိုက်ပြီး နာရီ သုံးဆယ်ကျော် ဆက်တိုက် အလုပ်လုပ်ရတာက လုကျိုးရဲ့ အကန့်အသတ်အထိ ရောက်သွားစေခဲ့သည်။
သူ့ရဲ့ ယာယီအဆောင်သို့ ပြန်ရောက်တဲ့အခါ ပုံမှန်အတိုင်းပင် သူအဝတ်ပင် မလဲနိုင်ဘဲ တစ်ခါတည်း ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ အိပ်ပျော်သွားခဲ့သည်။ သူ အိပ်မက်တောင်မှ မက်သေး၏။

နေက မြင့်တက်လာခဲ့ကာ သူ့ရဲ့ မျက်လုံးတွေလည်း တစ်ဖန် ပွင့်လာသည်။
လုကျိုး ဖုန်းကို ထုတ်လိုက်ပြီး အချိန်ကို ကြည့်လိုက်၏။ နေ့လည် ငါးနာရီပင် ကျော်နေခဲ့ပြီ။

င့ါရဲ့ အိပ်ချိန်တွေကတော့ ပြောင်းပြန်တွေကို ဖြစ်နေတော့တာပဲ။ နောက်နှစ်ရက် ကျော်လောက်မှပဲ ပုံမှန် ပြန်ဖြစ်အောင် လုပ်ရတော့မယ် ထင်တယ်

ဘယ္သူကမွ သူ့ကို လာမနှောက်ယှက်သည်မို့ သူ အချိန် အကြာကြီး အိပ်လိုက်သည်ကို သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
သူ့ရဲ့ဖုန်း ဖန်သားပြင်တွင်တော့ မစ်စ်ကောပေါင်း များစွာရှိနေသည်။ ထိုမစ်စ်ကောတွေက ချန်းယွီရှန်း၊ သူ့ရဲ့အတန်းဖော်၊ ပရော်ဖက်ဆာလျှိုနဲ့ သူ့ရဲ့အသင်းဖော်တွေဆီမှ ဖြစ်သည်။

လုကျိုး ဝီခ်က္ကို ဖွင့်လိုက်ကာ သူ ဘာလို့ ဖုန်းမကိုင်လဲဆိုတဲ့ အကြောင်းပြချက်တွေကို တစ်သီတစ်တန်းကြီး ရှင်းပြနေလိုက်ရသည်။
သူ စာတွေ ပို့လို့  ပြီးတာနဲ့ ကျောပိုးအိတ်ကို ကောက်လွယ်ကာ အခန်းသော့ကို ဖွင့်မည် ပြင်လိုက်သည်။ ထိုအခါ ဖုန်းက မြည်လာ၏။
ချန်းယွီရှန်းဆီကဖြစ်သည်။

သူ ဖုန်းကိုင်လိုက်တဲ့အချိန် ချိုသာတဲ့အသံက ထြက္လာ၏။

လုကျိုး နင်ဘယ်လိုနေလဲ

လုကျိုး ငါအဆင်ပြေပါတယ်

ချန်းယွီရှန်းက ချက်ချင်းပင် မေးမြန်းလာသည်။
ငါ ကြားတာတော့ ဒီနှစ် မေးခွန်းတွေက အရမ်းခက်တယ်တဲ့ ။နင် ဘာရွေးလိုက်လဲ

လုကျိုး Aကို ရွေးလိုက်တယ်လေ။ အဲ့ဒါက နည်းနည်းတော့ ခက်တာပေါ့

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now