အခန်း 171

108 15 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၇၁

လုကျိုး၏ တက်ကြွနေတဲ့ ပုံစံအား ပရော်ဖက်ဆာ ဂရေရာ မြင်သည့်အခါ ပြုံးလိုက်သည်။

“ဖရန့်ဝေ၊ သူက ၂၀၀၄ ခုနှစ်က ရူပဗေဒနယ်ပယ်မှာ နိုဗယ်ဆု ရထားတဲ့သူပေါ့၊ သူက ပေါင်းသင်းဆက်ဆံလို့ အကောင်းဆုံးပဲ၊ မင်း အခွင့်အရေးရမှာပါ။”

ပန်တာကွစ် ရှာဖွေတွေ့ရှိမှုသည် သီအိုရီကယ် ရူပဗေဒအဖွဲ့အစည်းတစ်ခုလုံး၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံးသတင်း ဖြစ်သည်။ သို့ရာတွင် ဖရန့်ဝေကတော့ မပျော်ရွှင်ပေ။ သိသာစွာပင် ထိုအဖြစ်သည် လက်တွေ့စမ်းသပ်ချက်ကြောင့် မဟုတ်လေဘဲခြောက်နှစ်တာ လောင်းကြေးထပ်ခဲ့သောကြောင့် ဖြစ်ပေသည်။

လွန်ခဲ့သည့် ခြောက်နှစ်တွင် အေဇိုး ရူပဗေဒအစည်းအဝေးပွဲတွင် သူက ဂါရတ်လီစီဆိုသည့် ခန့်ညားချောမောသည့် လူတစ်ယောက်နှင့် လောင်းကြေးထပ်ခဲ့သည်။

လူကြီးမင်းလီစီက မတ်တပ်ရပ်ကာ ဖရန့်၏ စကားအား နှောက်ယှက်ပြီး အားလုံး၏ ရှေ့တွင် ထိုအမှုန်အား မတည်ရှိကြောင်း ခုခံငြင်းဆိုခဲ့သည်။ လူကြီးမင်း ဖရန့်သည်လည်း သီအိုရီအရ ချပြခဲ့၏။ သူက ဟိုက်ဒရို ကော်လီတာသည် နောက်ခြောက်နှစ် အကြာတွင် ပေါ်ပေါက်လာလိမ့်မည်ဟု ပြောခဲ့သည်။ သူတုိ့သည် လူအားလုံး၏ ရှေ့တွင် လောင်းကြေး ထပ်ခဲ့၏။

လူကြီးမင်း မက်စ်စီ မာမာခ်သည် MIT ၏ ပရော်ဖက်ဆာတစ်ယောက် ဖြစ်သည်။ သူသည် ထိုအစည်းအဝေးပွဲကို ဦးဆောင်သူလည်း ဖြစ်၏။ လောင်းကြေးသည် ယူအက်ဒီဒေါ်လာ တစ်ထောင် ဖြစ်သည်။ လက်ရှိတွင် ခြောက်နှစ် ကုန်လွန်သွားခဲ့ကာ ပန်တာကွစ် အမှုန်ကိုလည်း ရှာဖွေဟတွေ့ရှိသွားခဲ့ကြပေပြီ။ သို့သော် သူ ထပ်လောင်းကြေးဟထပ်ခဲ့သည့် မဟာဆိုင်မက်ထရစ် အမှုန်အား မည်သူမျှ ရှာမတွေ့ကြသေးပေ။

အဆင့်၂ ပုံစံငယ်အား မှန်ကန်သွားခဲ့သော်လည်း သူသည် လောင်းကြေးတွင် ရှုံးခဲ့သည်။ အကြောင်းမှာ CERN မှ တာဝန်ရှိသူတို့သည် LHC အား အဆင့်မြင့်တင်ခဲ့သော်လည်း ထိုအမှုန်အား ရှာမတွေ့ခဲ့သေးချေ။ ရူပဗေဒလောကတွင် ထိုကဲ့သို့ဖြစ်စဉ်မျိုးသည် မကြာခဏ ဖြစ်တတ်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now