အခန်း10

1K 135 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ Knowledge

အပိုင်း ၁၀ ငါ့မှာကောင်မလေးနှစ်ယောက်ရှိတယ်

လျှို့လွေ့က မေးခွန်းတွေကိုလေ့ကျင့်နေရာက ချက်ချင်းပင်ရပ်တန့်ရင်းဘောပင်ကို ချလိုက်သည်။ ထို့နောက်အခန်းတံခါးကိုကြည့်လိုက်ပါ၏။ သူကဂရုမစိုက်သလိုမေးလိုက်သည်။

ကျိုးဘာလို့ပြန်မလာသေးတာလဲ

ဟွမ်ကွမ်းမင်က အိပ်ရာပေါ်တွင်ထိုင်နေရင်း ၀ိဉာဉ်အမဲလိုက်သူ ကိုကစားနေသည်။ သူကခေါင်းလေးတောင်မော့မကြည့်ဘဲ ပြန်ဖြေ၏။

ငါဘယ္သိမွာလဲ မင်းဘယ်တုန်းကအဲ့ကောင်အကြောင်းသိပ်ဂရုစိုက်သွားရတာလဲ။ မင်းခြောက်နေတာလား ဘာလား စိတ္ပ်က္စရာ

ဆင်းလာစမ်း ငါမင်းဖင်ကို ပိတ်ကန်မယ်
လျှို့လွေ့အော်ဟစ်လိုက်သည်။

သူကလှေကားကိုဆွဲကိုင်လှုပ်လေရင်း အိပ်ရာပေါ်မှာရှိနေတဲ့ဟွမ်ကွမ်းမင် ဖုန်းလွတ်ကျတာကိုကြည့်နေသည်။

ထုရိုက်ခံရမည့် လက်သီးတွေလည်းရောက်လာရော သူချက်ချင်းပင် အိပ်ရာကိုဖတ်ထားလေရင်း ကျယ်လောင်စွာအော်ဟစ်တော့၏။

အကိုလျှို့အကိုလျှို့ ကျွန်တော်မှားပါတယ်။ ကျွန်တော်မှားပါတယ် လှုပ်နေတာကိုရပ်ပါတော့ ကျွန်တော်သေတော့မယ် ကျွန်တော်သေတော့မယ် အား အား

ထိုသို့ပြောလိုက်ပေမဲ့လဲ သူတကယ်သေမှာတော့ မဟုတ်ပါပေ။ အိပ်ရာပေါ်တွင်အ၀တ်တွေကော စာအုပ်တွေကောရှိနေကာ ဘေးတွင်ရှိသည့်အံဆွဲဘီရိုနဲ့လဲ ထောက်ထားခြင်းသာဖြစ်သည်။ လျှို့လွေ့သာသူ့ရဲ့တကိုယ်လုံးကို ပစ်တင်ပြီး လှေကားပေါ်ခုန်တက်လိုက်မည်ဆိုပါက သေချာပေါက်အိပ်ရာပေါ်ကပစ္စည်းတွေလဲပြုတ်ကျရင်း ဟွမ်ကွမ်းမင်ပါ အတော်နာကျင်သွားရနိုင်ပေသည်။

ထိုနှစ်ယောက်ဆူညံနေသည့်အခန်းက အဆောင်နံပါတ်၂၀၁ ဖြစ်သည်။ ထိုအဆောင်ခန်းနံပါတ် ၂၀၁က အမြဲလိုလိုဆူညံနေတတ်၏။

ရှီရှန်းက အင်္ဂလိပ်စာကို လေ့လာနေရာက ရုတ်တရက်ခေါင်းမော့ပြီး ပြောလိုက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now