အခန်း35

722 111 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူSunFlower

အပိုင်း ၃၅ ငါ့ရဲ့ပံ့ပိုးမှုကောင်းလို့ပါ

နောက်တစ်နေ့တွင် လုကျိုးကချန်းယွီရှန်းအား အစားအစာမ်ား ၀ ယ်ကျေွးကာသူ့ကိုဤအလုပ်ကအောင်ကူညီပေးသည့်အတွက်ကျေးဇူးတင်ကြောင်းပြခဲ့သည်။

သို့သော်သူက KFC (သို့) အဝါရောင်ကြက်သားကိုစားသင့်၊ မစားသည်ကိုမသိသောကြောင့်ဆုံးဖြတ်ချက်မချနိုင်ဘဲရှိသည်။

ထို့ကြောင့်သူကအိပ်ဆောင်ထဲတွင်အတူနေသူတစ် ဦးဖြစ်သော လျှိုလွေ့ကိုအကြံဉာဏ်တောင်းခဲ့ရသည်။

လျှိုလေွ့ကသူ့သူငယ်ချင်းတွေနှင့်ဗီဒီယိုဂိမ်းကစားနေခြင်ဖြစ်သည်။  သူကအသတ်ခံခဲ့ရပြီး ပြန်လည်ရှင်သန်သည့် စမ်းရေတွင်းသို့ပြန်ပို့ခံခဲ့ရသည်။  သူစိတ်အနှောင့်အယှက်ဖြစ်နေခဲ့ကာ လုကျိုး ရဲ့မေးခွန်းကို ဂရုမစိုက်ခဲ့ပေ။  သူကခေါင်းလျှော်ဖို့ထရင်း

  စီချွမ်ဟော့ပေါ့။ ဈေးလည်းသက်သာပြီးမင်းလည်းတတ်နိုင်တယ်။

ထို့နောက်

လုကျိုးလည်း စီချွမ်ဟော့ပေါ့ကျေွးဖို့သာ ဆုံးဖြတ်လိုက်သည်။

သူတို့က ကျောင်းရှေ့လမ်းပေါ်ရှိ ရှန်းချန်းစီချွမ်ဟော့ပေါ့ဟုခေါ်သောနေရာသို့သွားလိုက်ကြသည်။ 

ချန်းယွီရှန်းက ဆံပင်ကိုစုစည်းထားပြီး လုကျိုးနှင့်ထိုင်နေသည်။  သူမက အစပ်ဒဏ်ကြောင့် လျှာတစ်လသ်လးလုပ်နေခဲ့သည်။

သူမ စပ်လို့ငိုချင်ပေမယ့်မငိုဖြသ်ခဲ့  သူမက

ဘယ်လိုနေလဲ၊ ငါ့ဝမ်းကွဲရဲ့သင်္ချာအတွက်မျှော်လင့်ချက်ရှိသေးလား လို့မေးလိုက်သည်။

အဲ့လောက်တောင် စပ်ရလား

လုကျိုးဘ်းအစပ်စားရင်း စိတ်ရှုပ်ထေ၏နေခဲ့သည်။
သူက
"အဆင်ပြေပါတယ်"လို့ပေါလိုက်သည်။

"ဒါဆို ငါနင့်ကိုပဲ အားကိုးရမွာပဲ။ ငါ့ရဲ့ဝမ်းကွဲ ... တကယ်တော့၊ အလယ်တန်းကျောင်းတုန်းကသူမရဲ့သိပ္ပံရမှတ်တွေကတော်တော်ကောင်းတယ်၊"

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now