အခန်း46

700 104 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၄၆တစ္ညလုံး ပိုင်သွန်လေ့လာခြင်း

ညစာစားပြီးနောက် အမျိုးသမီးယန်၊လုကျိုးနဲ့ချန်းယွီရှန်းတို့က ကျောင်းကိုပြန်လာလိုက်ကြသည်။

မထွက်ခွာခင်မှာ ဟန်မန်ချီက နှုတ်ဆတ်စကားပြောသွားသေးသည်ပေ။
သူမရဲ့နွေရာသီအားလပ်ရက်က မနက်ဖန်စတင်ပြီဖြစ်သည်။

အမျိးသမီးယန်ပြောစကားအရဆိုရင် သူမက နွေရာသီပိတ်ရက်တွေအကုန် ရှန်ဟိုင်းတွင်သူမရဲ့အဖေနဲ့အတူ သွားနေမှာဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် ဂိုက်သင်ဖို့မလိုတာတော့ သေချာသည်။

နောက်တစ်ကြိမ် ဂိုက်ပြန်သင်ရမှာက စက်တင်ဘာဖြစ်သည်။
ချန်းယွီရှန်းနဲ့လုကျိုးတို့အဆောင်တွေဘက် ပြန်လာလိုက်ကြသည်။

ချန်းယွီရှန်းက လှည့်ကြည့်ကာ မေးသည်။

"ငါအဆောင်ပြန်ရောက်ရင် ဝေါဟာရတွေကျက်မှာ နင်ကရော"

လုကျိုးတခဏလောက် တွေးတောရင်း
"စာကြည့်တိုက်သွားမှာ"လို့ဆိုလိုက်သည်။

ချန်းယွီရှန်းက ဆိုသည်။
"မောင်ငယ်လေး နင် အခုမှပထမနှစ်ပဲရှိသေးတာနော် ငါနင့်ဆီကဖိအားတော်တော် ခံနေရတယ်"

လုကျိုးကပြုံးသည်
"ငါပဲအဆောင်မှာ ကျန်တော့တာမဟုတ်ဘူး .... အခြားတစ်ယောက်လည်းရှိသေးတယ် သူလည်းအတော်ကြိုးစားရှာတာ"

ချန်းယွီရှန်း ကောင်းကင်ကိုသာ မော့ကြည့်လိုက်သည်။

"ကျောင်းသားသစ်တွေအားလုံး ဒီလိုပဲလား"

သူတို့တွေလမ်းခွဲကာ အဆောင်တွေသို့ပြန်လိုက်ကြသည်။  လုကျိုး စာကြည့်တိုက်ကို အရင်ဆုံးသွားကာ ပစ္စည်းတွေသိမ်းသည်။ထို့နောက် အဆောက်အဦးအေသို့ သွားလိုက်သည်။ဘယ်သူမှ မရောက်သေးတာမြင်တော့ သူမီးဖွင့်လိုက်သည်။

သူထိုင်ဖို့ နေရာရှာပြီးနောက် ကျောပိုးအိတ်ကို စားပွဲပေါ်တင်လိုက်သည်။ နံရံပေါ်က နာရီကိုကြည့်လိုက်တော့ ၈နာရီထိုးနေတာကိုတွေ့ရသည်။

"ငါသာ အခုဆေးသောက်လိုက်မယ်ဆိုရင် နေ့လည်၁နာရီအထိ ခံမွာပဲ"

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now