အခန်း111

423 50 1
                                    

အပိုင်း ၁၁၁ ဆင်းရဲသားလေးက ပြုံးတယ်

လကုန်ပိုင်းတွင် တစ်စုံတစ်ရာ ကြီးကြီးမားမားဖြစ်ပျက်လာခဲ့သည်။ သင်္ချာအင်ပါယာနဲ့ ခေတ်သစ်အယ်ဂျီဘရာဂျီအိုမက်ထရီရဲ့ဖခင်ဖြစ်သူ အလက်ဇန်းဒါး ဂရိုသမ္ဒစ္က သေဆုံးသွားခဲ့သည်။ ထိုလူအိုကြီးက ဆရာဝန်တွေက လက်လျှော့ခံထားရသူ ဖြစ်ပေမယ့် အံ့သြဖွယ်ကောင်းလောက်အောင် ယခုအချိန်အထိ ရှင်သန်နိုင်ခဲ့သည်။

သူ့ရဲ့ဂုဏ်အယူရဆုံး ကျောင်းသားကတော့ ဒယ်အင်းဖြစ်သည်။ ဒယ်အင်း ကိုယ်တိုင်က သူ့ရဲ့ စ်ာပနပြဲကို တက်ရောက်ခဲ့၏။ ဈာပနပွဲရဲ့အဆုံးတွင် ဒယ်အင်းက သူ့ရဲ့မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကို သတင်းအချို့ ကြေညာခဲ့သည်။ ထိုသတင်းကတော့ သင်္ချာနဲ့ ဆက်စပ်၏။

၂၀ ရာစုရဲ့ အယ်ဂျီဘရာ ဂျီအောမက်ထရီ နယ်ပယ်မှာ ပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့တယ် ။ဒါပေမယ့် အဲ့လူတွေထဲမှာ နတ္ဘုရားက တစ်ပါးပဲရှိတယ် ။အဲ့ဒါကေတာ့ လူကြီးမင်း ဂရိုသမ်ဒစ်ပဲ

ထိုစာသားက မီဒီယာတွေကို ဓါတ်ပုံတွေ အဆက်မပြတ်ရိုက်စေခဲ့သည်။ သတင်းတွေက ပလူပျံလာခဲ့သည်။ လုကျိုးရဲ့ ဝီချက်မှာတောင်မှ ပေါ်လာသေး၏။ သို့ရာတွင် လုကျိုးက သင်္ချာလောကထဲကို နှစ်ပေါင်းများစွာ ဝင်ရောက်ခဲ့သူ မဟုတ်ပေ။ သူက သင်္ချာအဓိက မေဂျာသာ ဟုတ်မနေခဲ့ရင် ထိုသတင်းတွေကို မြင်လိုက်မည် မဟုတ်ပေ။

အယ်ဂျီဘရာ ဂျီအောမက်ထရီ နယ္ပယ္တစ္ခုလုံးကို များပြားလှတဲ့ အုတ်အော်သောင်းနင်းမှုတွေနဲ့ ပြည့်နှက်နေခဲ့စေကာ ထိုလူတွေအားလုံးက ဈာပနပွဲသို့တက်ရောက်ခဲ့ကြပေသည်။

ထိုလူအိုကြီးလုပ်ခဲ့တဲ့ များပြားလှတဲ့ အလုပ်တွေလည်းရှိသည်။ ရလဒ်ပေါင်းများစွာလည်း ထုတ်ပေးနိုင်ခဲ့ကာ ထိုလူအိုကြီးက အုတ်အော်သောင်းနင်း ဖြစ်မှုပေါင်းများစွာကို ဦးဆောင်ခဲ့သူလည်း ဖြစ်၏။ ဒယ်အင်းက ဝေလ်ရဲ့ ကြန္ဂ်က္တာကို သက်သေပြခဲ့သည်။ ထိုသို့ဖြင့် သူက ကေတီအိုရီက်ို မွေးဖွားပေးနိုင်ခဲ့သည်။

ဝေလ်ကတာ့ ကုရှန်းဂျီဟွမ်းကို သက်သေပြနိုင်ခဲ့သည်။ ထိုသို့ဖြင့် အခြားသူတွေကလည်း အဆက်ဆက် သက်သေပြနိုင်ခဲ့သည်။ ထိုလူအိုကြီးရဲ့ သုတေသနလုပ်ငန်းက စစ်ဘက်ပိုင်းဆိုင်ရာအတွက် ရည်ရွယ်ချက်တွေနဲ့ဖြစ်သည်။ သူက အဆင့်မြင့် လေ့လာရန် ပြင်သစ်တက္ကသိုလ်တွင် ဝင်ရောက်လေ့လာခဲ့သည်။ ထိုသို့ဖြင့် သင်္ချာနယ်ပယ်မှ သူ့ကို ခေါ်ထုတ်သွားသလို ဖြစ်ခဲ့သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now