အခန်း51

648 92 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၅၁ ရုတ်တရက် ဉာဏ်ကွန့်မြူးမှု

အခုက သြဂုတ်နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သိပ်မကြာခင်အချိန်မှာပင် တက္ကသိုလ်တွေက ကျောင်းသားသစ်တွေကိုကြိုဆိုကာ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။ စတုတၳနှစ် နောက်ဆုံးအသုတ် ကျောင်းသူကျောင်းသားတွေကလည်း သူတို့ရဲ့ပြန်ဖြေစာမေးပွဲတွေကို ဖြေဆိုပြီးသွားတာနဲ့ ခရီးဆောင်အိတ်တွေကို ဆြဲကာ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေထဲသို့၀င်ရောက်ရမည်ဖြစ်ကာ သူတို့ရဲ့ငယ်ရွယ်ချိန်ကို နှုတ်ဆက်ရတော့မှာဖြစ်သည်။

လူသစ်တွေကတော့ တက္ကသိုလ်ဆိုတဲ့ ဌာနေကြီးကိုရောက်လာကျတော့မည်ဖြစ်ကာ သူတို့ရဲ့ငယ်ရွယ်မှုက တစ်ခန်းလစ်ခဲ့ပြီလို့ပြောလို့ရပေသည်။ သိပ်မကြာခင်အချိန်မှာပင် အသက်၀င်တဲ့နှစ်တစ်ခုဖြစ်လာတော့မှာဖြစ်၏။

ကျောင်းသားသမဂ္ဂအဖွဲ့၀င်တွေ အားလုံးကေတာ့ ကျောင်းကိုအရင်ပြန်လာကြကာ အစည်းအဝေးတွေလုပ်ရင်း ကျောင်းသားသစ်တွေကို ကြိုဆိုဖို့အတွက် အလုပ်များကြတော့သည်။ သူကလည်း ဘယ်အစည်းအဝေးမှာမှမပါပေမဲ့ လုကျိုးလည်းအလုပ်ရှုပ်နေခဲ့သည်။

သူက လက်ကမ်းစာစောင်ပေါင်းများစွာကို ကိုင်ဆောင်ထားကာ သူ့ရဲ့အလုပ်ဟောင်းကို စလုပ်နေခဲ့သည်။ ကျောင်းသားကောင်စီရဲ့ဒုဥက္ကဌက သူ့ကိုလက်ကမ်းစာစောင်ဝေတဲ့အလုပ် မလုပ်ပါနဲ့လို့ပြောလာသည်အထိ သူထိုသို့လုပ်နေခဲ့သည်။

လင်းယွီရှန်းက လုကျိုးလက်ကမ်းစာစောင်ဝေတာကိုထူးဆန်းသလိုကြည့်ရင်းပြောသည်။

နင် ဘာတွေလုပ်နေတာလဲ

လုကျိုးရဲ့မျက်နှာက ကိုးယို့ကားယားဖြစ်သွားလေရင်း သူအဖမ်းခံလိုက်ရသလို ခံစားရသည်။

အိုး မင်းကော စာစောင်ရပြီလား

လင်းယွီရှန်းက ဘာမှမသိသလိုလေးပြောလိုက်သည်။

ကောင်းပြီ ကောင်းပြီ ငါဘာမွမသိသလို ဟန်ဆောင်ပေးမယ်။ ဒါပေမဲ့ အခြားကျောင်းသားသမဂ္ဂအဖွဲ့က လူတွေမြင်သွားရင်တော့ အားလုံးယူသွားခံရလိမ့်မယ်နော်

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now