အခန်း21

830 111 3
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ Knowledge..
အပိုင်း၂၁ သူကလူရိုးလေးပါ

လုကျိုး

လုကျိုးက ယောကျာ်းလေးဆောင်လမ်းတစ်လျှောက်လမ်းလျှောက်နေလေရင်း တစ်စုံတစ်ယောက်ကသူ့နာမည်အော်ခေါ်တာကိုကြားလိုက်ရလေသည်။

သူခေါင်းလှည့်ကြည့်လိုက်တော့ လင်းယွီရှန်းက သူ့နောက်ဖက်မှပြေးလိုက်လာတာကိုတွေ့လိုက်ရသည်။ သူမရဲ့ဖြူဖျော့နေတဲ့လက်လေးတွေကို ဒူးခေါင်းပေါ်တင်က ခပ်ကုန်းကုန်းနဲ့ အမောဖြေနေလေရင်း ဖြည်းညင်းစွာပြောသည်။

နင်ဘာလို့လမ်းလျှောက်တာဒိလောက်မြန်ရတာလဲ

လုကျိုးမေးလိုက်၏။ ဘာကိစ္စရှိလို့လဲ

ဘာရယ်မဟုတ်ပါဘူး။ ဒီအတိုင်းခုဏက ပါမောက္ခထန်းရုံးခန်းထဲမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ပတ်သတ်ပြီး နင့်ကိုကျေးဇူးတင်ချင်လို့ပါ
လင်းယွီရှန်းက အပြုံးလေးနဲ့ထိုသို့ပြောလာသည်။

အော်ဒါကဘာရယ်မဟုတ်ပါဘူး။ ငါ့ကိုကျေးဇူးတင်ဖို့တော့မလိုပါဘူး
လုကျိုးက ခေါင်းခါရင်းပြောလိုက်သည်။

ငါအရမ်းရူးနှမ်းမှန်းငါ့ကိုငါ့သိပေမဲ့ ငါကအရမ်းအလုပ်ကြိုးစားလို့ နင့်ကိုအမှီလိုက်နိုင်မှာပါ။ ဒီတော့ငါ့ကိုအခုလိုမျိုးအခွင့်အရေးပေးတဲ့အတွက် နင့်ကိုကျေးဇူးတင်ပါတယ် လင်းယွီရှန်းပြောလိုက်သည်။

အမ် ဒါတော့မဖြစ်နိုင်ဘူး။

သူ့ကိုအမှီလိုက်ဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။

မင်းငါ့အမှီးရဲ့အရိပ်တောင်မှ ဖမ်းမိနိုင်မှာမဟုတ်ဘူး။

သို့ရာတွင်သူကထိုသို့တည့်ပြောမည်တော့မဟုတ်။ လုကျိုးပြုံးလိုက်ရင်းသာ ဆက်ပြောလိုက်သည်။

ကောင်းပြီ ကြိုးစားပါ မင်းလုပ်နိုင်လိမ့်မယ်လို့ငါယုံကြည်ပါတယ်

တကယ္လား နင်အခုလိုမျိုးပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်
လင်းယွီရှန်းကပြုံးနေလေသည်။

သူမလေးရဲ့လက်တွေကို ကျောကုန်းဘက်မှာထားလိုက်လေရင်း ပျော်ရွှင်စွာနဲ့ထပ်ပြောပြန်၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now