အခန်း 137

163 17 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၃၇

သူတို့ ညစာစားလို့ပင် မပြီးသေး လူနှစ်ယောက်ကမှောက်သွားကြပြီ ဖြစ်သည်။ သူတို့က သီချင်းဆက်သွားဆိုဖို့ ပြင်ဆင်ထားပေမဲ့ ကြည့်ရတာတော့ ဖြစ်နိုင်ပုံ မ၇တော့ပေ။

လုကျိုးက ရှီရှန်းကို စစ်ကြည့်လိုက်သည်။ ထို့နောက်သူက ဟွမ်ကွမ်းမင်ကို လျှို့လွေ့နဲ့အတူ သယ်ရင်း ခေါ်လာခဲ့လိုက်၏။ ရှီရှန်းကတော့ သူ့ကောင်မလေးဂရုစိုက်ပေးလိမ့်မည်။

သူတို့အဆောင်ကို ပြန်ရောက်ပြီးသည့်နောက် လျှို့လွေ့က အိပ်ရာပေါ် ပစ်လှဲချလိုက်တော့သည်။ ထို့နောက် ဟွမ်ကွမ်းမင်ကတော့ အိပ်ရာပေါ် ဖက်ရက်တက်ရင်း အိပ်ရာပေါ် ပစ်လှဲလိုက်၏။ သူကပြောသည်။

ငါ နေလို့ မကောင်းဘူး ကျိုး

လုကျိုးက အများကြီး မသောက်ခဲ့ပေ။ ထို့ကြောင့် သူက အခြေအနေ ကောင်းသေးတယ်လို့ ပြောနိုင်ပေသည်။ ထို့ကြောင့် သူက ကွန်ပျူတာကို ဖွင့်ရင်း သူ့ရဲ့ဘွဲ့စာတမ်းကို ရေးနေခဲ့သည်။

ဘာဖြစ်လို့လဲ

အာ အကိုဖေးတောင်မှ ကောင်မလေး ရသွားပြီ။ မင်းမှာရော အစီအစဉ်မရှိဘူးလား

ဘာ အစီအစဉ်လဲ

ဟွမ်ကွမ်းမင်က သက်ပြင်းချရင်း ပြောသည်။
မေ့လိုက်တော့ ငါ မင်းနဲ့ စကား မပြောတော့ဘူး

လုကျိုး 

သူတို့ ထိုတစ်ညလုံး စကားဆက် မပြောကြတော့ပေ။

နောက်တစ်နေ့နံနက် ရောက်တဲ့အခါတွင်တောင် ရှီရှန်းက ပြန်မလာသေးပေ။ လုကျိုးက အိပ်ရာပေါ်က ဆင်းကာ မျက်နှာသစ်လိုက်သည်။ သူ ပြန်လာတဲ့အခါ လျှို့လွေ့နဲ့ ဟွမ်ကွမ်းမင်တို့က အိပ်ရာပေါ်က ဆင်းလာတာကို တွေ့လိုက်ရသည်။ လုကျိုးက စူးစမ်းသလိုမေးလိုက်၏။

မင်းတို့ ဒီနေ့ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။ စာလုပ်မှာလား

ဟွမ်ကွမ်းမင်က အပြင်းကြော ဆန့်လိုက်သည်။
ဘာလို့ မလုပ်ရမှာလဲ

လုကျိုးရဲ့မျက်နှာက ကို့ယို့ကားယား ဖြစ်သွားသည်။ သူ ခန့်မှန်းမိသလိုပဲ ထင်တယ်။
...
လုကျိုးက မနက်စာစားပြီးသည့်နောက် စာကြည့်တိုက်ကို ထွက်လာခဲ့လိုက်သည်။ ထို့နောက် စာကြည့်တိုက်ကို ၀ငျ၀ငျခွငျးမှာပငျ လူတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရပေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now