အခန်း100

471 61 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၁၀၀ အဆုံးသတ် ရီပို့

လုကျိုးက ကန်တင်းတွင် ခေါက်ဆွဲစားနေသည့် အချိန်တွင် ပရော်ဖက်ဆာ လီရုန်အန်းက ဖုန်းဆက်လာခဲ့သည်။

ဟေး လုကျိုး

ဟုတ်ကဲ့

မင်း စာတမ်းတစ်ခု တင်ပေးနိုင်မလား

အိုး

ငါပြောချင်တာက ငါတို့တွေ စာတမ်းထုတ်ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို တောင်းခံပြီးသွားပြီ

အခြေအနေ ဘယ္လိုလဲ
လုကျိုး ရုတ်တရက် ထရပ် ထရပ်တော့ သူ့ေ၇့ှတွင် ထိုင်နေသူက လန့်သွားခဲ့ရသည်။
ပရော်ဖက်ဆာက ရယ်သည်။

ဒါပေါ့ မင်း မှန်တယ်။ ငါတို့ အောင်မြင်သွားပြီ

အချိုးကရော

၀.၄၇ wt%ပဲ။ မင်း ခန့်မှန်းတာ ကြက္တိကို မွန္တာ။ cntရဲ့ အကောင်းဆုံး က ၀.၄နဲ့ ၀.၅ပဲ။ ၁wtတောင် မကြာဘူး။

လီရုန်အန်းက အလွန် ခံစားနေရပုံ ပေါ်၏။
ပရော်ဖက်ဆာလီ ကျွန်တော့်ကို ဒီအကြောင်းနဲ့ ပက်သတ်တဲ့ အချိုးအပိုင်းတွေ ပို့ပေးလို့ရမလား

ရတာပေါ့ ငါ မင်းဆီကို ပို့တောင် ပို့ပြီးသွားပြီ
ပရော်ဖက်ဆာက ရယ်နေသည်။

လုကျိုး ဖုန်းကိုခ ်လိုက္ကာ ခေါက်ဆွဲကို လက္စ အမြန်သတ်ပြီး စာကြည့်တိုက်ကို သွားလိုက်သည်။ ထို့နောက် တစ်နေရာတွင် ထိုင်ချကာ ကွန်ပျူတာကို ဖွင့်ရင်း မေးမှတဆင့် စာတမ်းကို ကူးယူလိုက်လေတော့သည်။

နောက်ဆုံးတော့ နည်းပညာရဲ့ အခက်အခဲကြီးက ဖြေရှင်းသွားနိုင်ခဲ့လေပြီ။
လုကျိုးက ဖြေရှင်းချက် ထုတ်ပေးနိုင်ခဲ့ပေမယ့် သူက ဘက်ပေါင်းစုံက ပါ၀င်ခဲ့သည်တော့ မဟုတ်ပေ။ ပေရာဂ်က္ကို အဓိက ကိုင်တွယ်ခဲ့သည်က ပရော်ဖက်ဆာလီရဲ့ အသင်းသာ ဖြစ်သည်။ ထိုသူတို့က အနည်းဆုံး စာတမ်းငါးစောင်ကို ထုတ်ဝေခဲ့ပေသည်။

လုကျိုး မှတ်မိတာသာ မှန်ပါက အခု ပေရာဂ်က္ကို တက္ကသိုလ်ကြီးတွေက ထောက်ပံ့ပေးသည် မဟုတ်ဘဲ ကုမ္ပဏီကြီးတွေကပါ ပါ၀င်ထားလေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now