အခန်း93

494 77 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၉၃ ပညာရှင် အရွုံးသမား

လုကျိုးက တစ်ရက်လုံး စာတမ်းတွေ ဖတ္ဖို့ အသုံးပြုလိုက်ရသည်။ လျှို့လွေ့က လုကျိုး အိပ်ရာပေါ် ကုန်းတက်တဲ့အချိန်တွင် ဟောက်နေခဲ့ပြီ ဖြစ်သည်။

နောက်တစ်ရက်တွင်တော့ လုကျိုး မနက်စောစော နိုးလာ၏။ သူကန်တင်းကိုသွားလိုက်ကာ ပေါင်မုန့်နှစ်လုံးကို ၀ယ်ရင်း ဓာတ်ခွဲခန်းဘက်ကို ထွက်လာခဲ့လိုက်သည်။

သူ ရောက်သွားတဲ့နောက် အကိုချန်းနဲ့ လျှိုပေါ်တို့က စက်ပစ္စည်း ကိရိယာတွေနဲ့ အလုပ်လုပ်နေတာကို တွေ့လိုက်ရသည်။ သူတို့ရဲ့ဒီနေ့အလုပ်က FDIR အမှုန်တွေကို တစ်ခုချင်းဆီ ခြဲထုတ္ကာ ခွဲခြမ်းစိတ်ဖြာဖို့ ဖြစ်လေသည်။ ထို့နောက် အမျိုးမျိုးသော အဖွဲ့ပေါင်းစုံမှ ရလဒ်တွေကို မှတ်တမ်းတင်ထားမည် ဖြစ်သည်။ ထို့နောက်အစောပိုင်း အဆင့်စစ်ဆေးခြင်းတွေ ထပ္မံ လုပ်ဆောင်ပြီး နာနိုကျုပုံစံကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ပေသည်။

အကိုချန်းက လုကျိုးကို ဒီနေ့လုပ်မဲ့သုတေသနပိုင်းဆိုင်ရာကို ဆက်လက် ရှင်းပြသည်။

ငါတို့ ဒီသုတေသန လုပ်ငန်းကို ဆက်တိုက် လုပ်လို့မရအောင် လုပ္ထားတဲ့ ပြသနာတစ်ခု ရှိနေသေးတယ်။ ပရော်ဖက်ဆာလီကတော့ ငါတို့တွေ အသေးစိတ် လေ့လာမှ ဒီပြသနာကို ဖြေရှင်းနိုင်မယ်လို့ ပြောတယ်

လုကျိုး မေးလိုက်သည်။
ဘာပြသနာ မ်ားလဲ

အဲ့ဒီပြသနာဆိုတာက ငါတို့ ဒီဖိုရီယာ အင်ဖရားကို ခွဲခြမ်း စိတ်ဖြာတဲ့အခါမှာ ထြက္လာတဲ့ ဒေတာပုံစံပဲ။ ဒီကိုကြည့်လိုက်

အကိုချန်းက FDIR ပုံရိပ္တစ္ခုကို ညွှန်ပြသည်။ ထို့နောက် ထပ်မေးလိုက်၏။
မင်းဘာကို မြင်ရလဲ

လုကျိုးက အေဖိုး စာမျက်နှာပြင်ကို အတန်ကြာ စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ရုတ်တရက် စာတမ်းတွဲတွင်ပါခဲ့သည့် တစ်စုံတစ်ရာကို သူ မှတ်မိလိုက်သည်။ တစ်စုံတစ်ရာက မှားယွင်းနေတယ်လို့ ခံစားလိုက်ရသည်။

ဒီနံပါတ်နှစ် အဆင့်ကြားနေရာက သာမာန် မဟုတ်နေသလိုပဲ
လုကျိုးက မသေချာတဲ့လေသံနဲ့ ပြောလိုက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now