အခန်း39

717 103 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၃၉ ရှေ့နေရဲ့စာကို နားလည်သွားခြင်း

ကျူးဖန်းခိုင်အတွက် ဒီနေ့က ခံစားချက်အတော်ကောင်းတဲ့နေ့ဖြစ်သည်။

သူက ပုံမှန်အတိုင်း လူတွေကို အကဲဖြတ်သည်။ သို့ပေမယ့် နံပါတ်တစ် ထရန့်တင်းဖြစ်သွားလိမ့်မယ်လို့တော့ မထင်ထားခဲ့ပေ။

ကျင်းလင်တက္ကသိုလ်က ခေတ်သစ်ဆက်ဆံရေးနှင့် သဘာဝမြေမျက်နှာသွင်ပြင်ဆိုင်ရာ အချက်အလက်နည်းပညာ အယ္ဒီတာဌာနမွ ပြည်သူလူထုရဲ့ စိတ်၀င်စားမှုကိုလျှော့ချရန် စာတမ်းတွေမှာ မည်သည့်ပြဿနာမှမရှိကြောင်း ထုတ်ပြန်ခဲ့သေးသည်။

ကျင်းလင်တက္ကသိုလ်က မည်သ ည့်ဖြေ၇ှင်းမှုကိုမှ ထပ်မလုပ်ပေ။ အဲ့ဒိအစား ကျူးဖန်းခိုင်ဆီသို့သာ ေ၇့ှနေထံမှ အကြောင်းကြားစာ ရောက်လာပေသည်။

ထိုစာတွင် ကျင်းလင်တက္ကသိုလ်ရဲ့ စာတမ်းတွေတွင် မည်သည့်ပြဿနာမှမရှိကြောင်း။ ကျင်းလင်တက္ကသိုလ်က သူတင်ထားတဲ့ စွပ်စွဲမှုတွေနဲ့ ခေါင်းစဉ်ပိုင်းကိုရော ဖျက်သိမ်းပေးဖို့ တောင်းဆိုလာကြခြင်းဖြစ်သည်။ မဟုတ်ပါက ကျင်းလင်တက္ကသိုလ်က ဥပေဒအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။

ထပ်ပေါင်းပြောရလျှင် ကျင်းလင်တက္ကသိုလ်ရဲ့တရား၀င်ဝေ့ပေါ်အကောင့်တွင်ပါ တင်ထားခြင်းဖြစ်သည်။ ခေတ်သစ်ဆက်ဆံရေးနှင့် သဘာဝမြေမျက်နှာသွင်ပြင်ဆိုင်ရာ အချက်အလက်နည်းပညာ စီစစ်ရေးအဖွဲ့ရဲ့ ဘုတ်တွင်တင်ထားခြင်းလည်းဖြစ်သည်။ ထိုနေရာတွင် အမြဲတမ်း ပညာရေးဘက်မှ တန်ဖိုးရှိလှသည့်စာတမ်းတွေကို တင်နေကြဖြစ်သည်။ ဒါက ပြည်သူတွေကို သူတို့လိမ်နေတာဟုတ်ရဲ့လားဆိုပြီး ပြန်တွေးလာမိစေခဲ့သည်။

သို့ရာတွင် ပါးစပ်ကြီးကတော့ မကြောက်ပေ။

မင်းတို့ရဲ့ နည်းဗျူဟာကို ဘယ္သူက ဂရုစိုက်မှာလဲ

မင်းတို့ပို့တဲ့ ရှေ့နေဆီကစာကို ဘယ္သူကေရာ ဂရုစိုက်မှာလဲ

ဒါက ငါကြုံရတဲ့ပထမဆုံးအကြိမ်လည်းမဟုတ်ဘူးလေ

ဒါကပဲ ငါ့ကို ထရန်းတင်း နံပါတ်တစ်ဖြစ်စေလိမ့်မယ်

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now