အခန်း92

469 68 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၉၂

ဒီနေရာမှာတော့ အဓိကအားဖြင့် ငါတို့က အတွေ့အကြုံယူတဲ့အနေနဲ့ အလုပ်လုပ်ကြတာပေါ့ ။အချို့ပစ္စည်းတော်တော်များများကတော့ ကျောင်းအဆောင်ဟောင်းက ပါလာခဲ့တာပဲ ၊တစ်ခါတစ်ရံမှာ ငါတို့က အချို့အတွေ့အကြုံတွေ ရယူဖို့အတွက် အခြားသုတေသနလုပ်ငန်းတွေကို သွားရောက် လေ့လာတာမျိုးတွေလည်း ရှိတယ်။ ဒါပေမယ့် လတ်တလောမှာတော့ နည်းပညာတွေကလည်း တိုးတက်လာပြီ၊ ပြီးတော့ ဒီဓါတ်ခွဲခန်းတစ်ခုလုံးကို ငါတို့ စိတ်ကြိုက် အသုံးပြုခွင့် ရထားတယ် ။ဒီတော့ အခြားဘက်တွေကို လျှောက်သွားပြီး အတွေ့အကြုံတွေ လိုက်ယူဖို့တော့ မလိုအပ်သေးဘူး

ကျွန်တော်တို့တွေ ခရီး မကြာခဏ သွားရတာမျိုးရော ရွိတတ္လား
လုကျိုး မေးလိုက်သည်။

မရွိပါဘူး
လျှိုပေါ်က ပြောသည်။ သူက ပြုံးကာ ဆက်ပြောပြ၏။

ငါတို့ သုတေသနလုပ်ဖို့ လိုအပ်တဲ့ ဓါတ်ခွဲခန်းကလည်း ဒီမှာရှိတယ်၊ ပစ္စည်းတွေကလည်း ဒီမွာ ရှိနေတယ်ဆိုတော့ ငါတို့ ဘယ်မှ လျှောက်သွားဖို့ မလိုတော့ဘူးလေ။ ပြီးတော့ အျခား အတွေ့အကြုံတွေကို ယူဖို့လည်း မင်းအတွက်က လိုမွ လိုမေနတာ ၊မင်းက ဒီအတိုင်း ငါတို့ကို တိက်တဲ့ ဒေတာကို ခွဲခြားစိတ်ဖြာတဲ့ အခြေအနေမျိုးမှာပဲ ကူညီပေးဖို့ လိုအပ်တယ် ။မင်းကို ခဏနေကျရင် စားပွဲတစ်လုံးပေးလိမ့်မယ် ၊ဒီနေ့ကစပြီး မင်းက ငါတို့ သုတေသန ပရောဂျက်ရဲ့ အဖွဲ့သား တစ်ယောက်ဖြစ်သွားပြီ

လျှိုပေါ်က ရုံးခန်းတံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့သည်။ အခန်းရဲ့ဘယ်ဘက်ခြမ်းတွင် တီရွပ္ကို ဝတ္ထားကာ အပြောင်ရိတ်ထားသည့် ခေါင်းနဲ့ လူတစ်ယောက်က ဓါတ်ခွဲခန်းဘက်ကို မျက်နှာမူကာ ရပ်နေ၏။ ထိုလူက ပရင်တာနဲ့တူတဲ့ ပစ္စည်းတစ်ခုကို ကလိနေပုံရသည်။ လူတွေဝင်လာတာကိုတောင်မှ ထိုလူက သတိရပုံ မရပါပေ။

လျှိုပေါ်က လုကျိုးကို ခေါ်သွားသည်။ ထို့နောက် ထိုလူရဲ့ ပုခုံးကို တစ္ခ်က္ပုတ္ကာ မိတ်ဆက်ပေး၏။ ထိုလူကလှည့်လာခဲ့ကာ လျှိုပေါ်က ပြုံးပြလိုက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now